ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်လာရောက်ခဲ့
2015.02.23

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ ဖေဖော်ဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။
သက်ဆင် မြန်မာနိုင်ငံရောက်ရှိနေတဲ့ ဓါတ်ပုံကို ထိုင်းလွှတ်တော်အမတ်ဟောင်း ဆုရချတ်က သူ့ရဲ့အင်တာနက် လူမှုကွန်ရက်စာမျက်နှာ မှာ ဖေဖော်ဝါရီ ၂၂ ရက်က ဖေါ်ပြခဲ့ပါတယ်။
ဆုရချတ်ရဲ့မိတ်ဆွေဖြစ်သူ ထိုင်းလုပ်ငန်းရှင် တစ်ယောက်က မြန်မာနိုင်ငံကို စီးပွားရေးကိစ္စနဲ့ သွားရောက်စဉ်အတွင်း ဖေဖော်ဝါရီ ၅ ရက်နေ့က သက်ဆင်ကို ရွှေတိဂုံစေတီတော်ရင်ပြင်မှာ တွေ့ ရှိခဲ့တဲ့အတွက် သွားရောက်မိတ်ဆက်ပြီး ဓါတ်ပုံတွဲ ရိုက်ခဲ့ပါတယ်။
ဘာသာရေးကိစ္စအတွက် ရန်ကုန်ကိုလာရောက် တာဖြစ်ပြီး၊ ပွင့်လင်းလာနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်မယ်လို့ သက်ဆင်က ပြောဆိုကြောင်း လည်း ဖေါ်ပြပါတယ်။
ဒါပေမဲ့ နိုင်ငံရေးကိစ္စတွေ ပြောဆိုဖို့ကိုတော့ သက်ဆင်က ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။