သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-29
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်း လမ်းဘေးက လေလွင့်ခွေးတွေကို အရင်ကလို မသုတ်သင်ဘဲ သားဆက်ခြားတာတွေ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးတာတွေကို ဆောင်ရွက်ပေးနေပါတယ်။
2016-09-29
ဆေးဝါးအတုတွေ ဈေးကွက်ထဲမှာရှိနေတဲ့အတွက် FDA မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနရဲ့ ထောက်ခံချက်ပါတဲ့ဆေးဝါးတွေ ကိုသာ ဝယ်ယူသုံးစွဲကြဖို့ မြန်မာနိုင်ငံဆေး နဲ့ ဆေးကုန်သည်များအသင်း ဥက္ကဌ ဒေါက်တာ ဝင်းစည်သူ က တိုက်တွန်းပြောကြားပါတယ်။
2016-09-29
အိမ်ဖော်မိန်းကလေး နှစ်ယောက် ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ နှိပ်စက်ခံရတာကို လျော်ကြေးငွေနဲ့ ကျေအေးအောင် ညှိနှိုင်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူ သုံးထောင်ကျော်က လက်မှတ်ရေးထိုးပြီး ဒီကနေ့ ကော်မရှင်ရုံးကို ပေးပို့တောင်းဆိုလိုက်ပါတယ်။
2016-09-29
လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
2016-09-28
ကယားပြည်နယ်က ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် ကျော် အကုန် ကျခံပြီး တည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမ ပျက်စီးနေတာကို ပြန်လည် စိစစ်ပေးဖ့ို အတွက် ကယားပြည်နယ် ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တွေက ဒီကနေ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-28
အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ကာလက သိမ်းယူခဲ့တဲ့ နွားအကောင်ရေ ၉၀ ကျော်ကို ဘေးမဲ့ပေးဖို့ စီစဉ်ထားပေ မယ့် လက်ရှိမှာ အဲဒီနွားတွေဟာ ရွှေပြည်သာမြို့နယ် တရားရုံးမှာ အမူရင်ဆိုင်နေရကြောင်း အဲဒီနွားတွေကို သိမ်းယူခဲ့တဲ့ မျိုးချစ်ရဟန်းသံဃာများအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။
2016-09-28
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတကို အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2016-09-28
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမေရိ ကန်သံအမတ်ကြီး Scot Marciel ဟာ မြစ် ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-09-28
သတင်းမီဒီယာတွေကို ပုတ်ခတ်ပြောဆို ခဲ့တဲ့ MLM ခေါ် ဆင့်ပွားအရောင်းလုပ်ငန်း လုပ်ကိုင်တဲ့ Aim Star ကုမ္ပဏီရဲ့ တာဝန် ရှိသူ ဦးဂျိုးဇက်ကို သတင်းထောက်တွေက တရားစွဲဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့နေတွေနဲ့ ပြင်ဆင်နေပါတယ်။
2016-09-28
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာက မြေ ၁၀ ဧကပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဗောဓိပင်တစ်ထောင်နဲ့ ဘုရား ဆင်းတု တစ်ထောင်တည်ထားဖို့အတွက် မြေသိမ်း ယူဖို့ စီစဉ်နေတာကို ဒေသခံတွေက ကန့်ကွက်နေ ကြပါတယ်။
2016-09-28
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေ ဆရာတော်တွေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
2016-09-27
ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စတဲ့ ဦးစီးဌာန ၅ ခုကို တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်ကို ထားရှိ ဖို့ ညွှန်ကြားချက်ကို ပြင်ဆင်လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီးက တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ထံ အကြောင်းကြား စာ ပေးပို့လိုက်ပါတယ်။
2016-09-27
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒီအစိုးရသက်တမ်းအတွင်း ခွင့်ပြုမှာမဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က အံဒင်ဒေသခံတွေကို ပြောလိုက်ပါတယ်။
2016-09-27
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင် ရွက်နေပြီး အမျိုးသားရင်ကြားစေ့ရေးမအောင်မြင် ဘဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လို့ အောင်မြင်မှာ မဟုတ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြော ပါတယ်။
2016-09-27
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာအုပ်စု တောင်နားကျေးရွာ က မြေ ၁၀ ဧကကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌက သိမ်းဆည်းဖို့ ဒေသခံရွာသားတွေကို ဖိအားပေးနေတဲ့ အတွက် ရပ်တန့်ပေးဖို့ဆိုပြီး ရွာသူ ရွာသား ၂၀၀ ကျော်က အစိုးရဆီ စာပေးပို့တိုင်ကြားထားပါတယ်။