အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အခမ်းအနားကျင်းပ
2016.09.27

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေပြီး အမျိုးသားရင်ကြားစေ့ရေးမအောင်မြင်ဘဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် လို့ အောင်မြင်မှာမဟုတ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ ပါတီ ၂၈ နှစ်ပြည့် အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦးက ေြပာခဲ့တာဖြစ်ပါတယ်။
"အမျိုးသား ရင်ကြားစေ့ရေးကိစ္စကို မအောင်မြင်ဘဲ ဘယ်လို ပြုပြင်ပြောင်းလဲရေးကိစ္စကို အောင်မြင်နိုင် မှာ မဟုတ်ပါဘူး၊ အဖွဲ့ချုပ်ရဲ့ မူလဖြစ်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အခြေခံတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးလာရေးအတွက် ဦးလည်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့ အဓိဌာန်ပြု တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ပါတယ်"
ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို မကြီးထွားလာစေဖို့အတွက် အချိန်နဲ့ တပြေးညီ သတိပြုဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ ပြန်လည်ရောက်ရှိလာတဲ့ NLD ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာသီဥတုအကူးအပြောင်းနဲ့ ခရီးပန်းလာတာကြောင့် အနားယူနေရတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သူရဦးတင်ဦးက ပြောခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ