လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လိုအရေးယူပြီး၊ အသစ်ဖွဲ့စည်းသင့်သလဲ
2016.09.29
လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဒါ့ကြောင့် အစိုးရက လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လိုပုံစံနဲ့ အရေးယူနိုင်သလဲ၊ ပြည်တွင်းပြည်ပ လေးစား ယုံကြည်ရတဲ့ လူ့အခွင့်ရေးကော်မရှင်တရပ် ပေါ်ပေါက်လာဖို့ အစိုးရက ဘယ်လို ပြန်လည်ဖွဲ့စည်းသင့်သလဲဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။