လူ့အခွင့်အရေးကော်မရှင်ကို အရေးယူပေးဖို့ တောင်းဆိုတဲ့အကြောင်း မေးမြန်းချက်
2016.09.29
အိမ်ဖော်မိန်းကလေး နှစ်ယောက် ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ နှိပ်စက်ခံရတာကို လျော်ကြေးငွေနဲ့ ကျေအေးအောင် ညှိနှိုင်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူ သုံးထောင်ကျော်က လက်မှတ်ရေးထိုးပြီး ဒီကနေ့ ကော်မရှင်ရုံးကို ပေးပို့တောင်းဆိုလိုက်ပါတယ်။
အဲဒီလိုတောင်းဆိုဖို့အတွက် ပြည်သူတွေရဲ့ လက်မှတ်ကောက်ခံရာမှာ ပါဝင်ခဲ့တဲ့ လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေးစင်တာက ကိုသက်ဆွေဝင်းကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။