ဘွဲ့နှင်းသဘင်ခန်းမ ပြင်ဆင်ပေးဖို့ ကယား ကျောင်းသားတွေ ဆန္ဒပြ


2016.09.28
kayah-students-protest-620.jpg ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၈ ရက်နေ့က ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: July Phyo ( Kayan Hlawun )

ကယားပြည်နယ်က ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမ ပျက်စီးနေတာကို  ပြန်လည်စိစစ်ပေးဖ့ိုအတွက် ကယားပြည်နယ် ကျောင်းသား သမဂ္ဂကအဖွဲ့ဝင်တွေက ဒီကနေ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုကြပါတယ်။

ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေတာကို ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ မဖြေရှင်းပေးတဲ့အတွက်အခုလို ထပ်မံ ဆန္ဒပြတာဖြစ်ပြီး ပြည်နယ်အစိုးရ ၊ ကုမ္ပဏီနဲ့ တာဝန်ရှိ တက္ကသိုလ်ဆရာဆရာမတွေ၊ ကျောင်းသားအဖွဲ့ နဲ့ လေ့လာစောင့်ကြည့်သူတွေ လေးပွင့်ဆိုင်တွေ့ဆုံဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ ကယားပြည်နယ်ကျောင်းသား သမဂ္ဂဥက္ကဌ ခွန်းရဲမင်း ကျော်က ပြောပါတယ်။

အဲဒီ လေးပွင့်ဆိုင်တွေ့ဆုံပွဲကို လာမယ့် သောကြာနေ့မှာ ကယားပြည်နယ်အစိုးရရုံးမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် ဘွဲ့နှင်းသဘင်ခန်းမကို ၂၀၁၄ - ၂၀၁၅ ဘတ်ဂျက်နဲ့ KMG ကုမ္ပဏီက ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကုန်ကျခံတာဝန်ယူ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ဖေဖေါ်ဝါရီလမှာ ခန်းမကိုဖွင့်လှစ်ခဲ့ဲပြီး လက်ရှိအချိန် ခန်းမဆောင်မှာ အက်ကြောင်းထနေ တာတွေ အောက်ခြေမှာ ပျက်စီးနေတာတွေဆိုးဆိုး ဝါးဝါးဖြစ်နေတဲ့အတွက် ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။