အမေရိကန်သံအမတ် ဒေသခံတွေ နဲ့ တွေ့ဆုံ
2016.09.28

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်း မျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာ ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေ ဖိနှိပ်ခံနေရတာတွေနဲ့ ပတ်သက်ပြီး KIA အဖွဲ့ကို မေတ္တာရပ်ခံပေးဖို့ တောင်းဆိုခဲ့တယ် လို့ မြစ်ကြီးနားမြို့အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပြပါတယ်။
အမေရိကန် သံအမတ်ကြီးက သူဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးအားလုံးနဲ့ မိတ်ဆွေအဖြစ်ခံယူ ထားကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘယ်လိုအဖွဲ့အစည်း ကိုမဆို လက်ခံမှာမဟုတ်ကြောင်း ပြောခဲ့ ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကချင်ပြည်နယ်က ရှမ်းလူငယ်တွေရဲ့ပညာရေး ၊ နိုင်ငံရေး၊ အခြေခံ လူ့အခွင့်အရေးစတဲ့ ကဏ္ဍတွေနဲ့ပတ်သက်ပြီး သင်တန်းတွေခေါ်ယူပေးဖို့နဲ့ ထောက်ပံ့ ကူညီပေးဖို့ ရှမ်းလူငယ်တွေက ဆွေးနွေး ခဲ့ပါတယ်။
ကချင်ပြည်နယ်ကို သုံးရက်ကြာရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ စစ်ဘေး ကယ်ဆေးရေး စခန်းတချို့၊ လူမှုအဖွဲ့အစည်းတွေအပါအဝင် ဒေသခံ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။