သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-28
MPT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ကာတာနိုင်ငံ အခြေခိုက် အော်ရီဒူးကုမ္ပဏီတို့ ယှဉ်ပြိုင်နေတဲ့ လက်ကိုင်ဖုန်းဆင်းကတ်ဈေးကွက်ထဲကို နော်ေ၀ အခြေစိုက် တယ်လီနောကုမ္ပဏီလည်း စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။
2014-09-28
မြန်မာအစိုးရစစ်တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အကြားက ငါးပြေမရွာ ချောင်းနှစ်ခွအနီးမှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
2014-09-28
ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ကြောင်း မဲဆန္ဒရှင် ၂၀၀ခန့်က ဒီနေ့ ပုဇွန်တောင်မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။
2014-09-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ RSOလို့ခေါ်တဲ့ ရိုဟင်ဂျာ သွေး စည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။
2014-09-28
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ငွေကျပ် သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိတဲ့ WY စာ တန်းပါ ပန်းရောင်စိတ် ကြွဆေးပြား လေး သိန်းတစ်သောင်းကျော်ကို မနေ့က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
2014-09-28
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညိုနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-09-28
ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင် တက်သမား ၂ ဦးကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ထံ ရိက္ခာပို့ဖို့ သွားရောက်ရင်း မနေ့ကစလို့ အဆက်အသွယ် ပြတ်တောက် သွားခဲ့တဲ့ ထိုင်းနိုင်ငံက B4 အမျိူးအစား ရဟတ်ယာဉ်ကို ဒီကနေ့ထိ ဆက်လက်ရှာဖွေနေဆဲပဲလို့ ထူးဖောင်ဒေးရှင်း က ပြောပါတယ်။
2014-09-28
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်းတွေက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက် ရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေ ကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေ နဲ့ သံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။
2014-09-28
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူမှုရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်လာရပေမယ့် တချိန်ထဲမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ အရေးကြီးတဲ့ အခက်ခဲတွေကို ရင်ဆိုင်နေရဆဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2014-09-28
သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ သံဃာတော်များညီလာခံကို တက်ရောက် ဖို့ မြန်မာနိုင်ငံ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ကိုရောက်ရှိနေတယ်လို့ ဒီကနေ့ ထုတ် Sunday Times သတင်းစာကရေးပါတယ်။
2014-09-27
မြန်မာနိုင်ငံမှာ အမုန်းတရားပွားများစေ တဲ့ ပြောဆိုရေးသားချက်တွေကို ပြောဆိုဖြန့်ဖြူးပြီး အကြမ်း ဖက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်သူတွေကို အစိုးရက အရေးယူပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်များအရေး ဆောင်ရွက်နေတဲ့ OIC Contact Group တောင်းဆိုလိုက်ပါတယ်။
2014-09-27
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ရန်ကုန်မြို့မှာ ငါးရက်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် အပြီးသတ် လက်မှတ်ရေးထိုးဖို့ လက်လှမ်းမမီသေး တဲ့အကြောင်းနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2014-09-27
ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်က တပ်ဖွဲ့ဝင် အယောက်တစ်ရာကျော်ပါရှိတဲ့ စစ်ယာဉ်တန်းကို မြို့အဝင်နားမှာ အမည် မသိသူတချို့က ချောင်းမြောင်းတိုက်ခိုက်တဲ့အတွက် အစိုးရ တပ်ဖက်က သေဆုံးမှုနဲ့ဒဏ်ရာရမှုရှိတယ်လို့ မျက်မြင်တွေ ကပြောကြပြီး၊ မြို့နေပြည်သူကြားမှာလဲ အထိတ်တလန့်ဖြစ် သွားတယ်လို့သိရပါတယ်။
2014-09-27
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေ နဲ့ ဆက်နွယ်ပြီး ဆင်ခေါင်းရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာက ဒေသခံ ၉ ဦး ကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။
2014-09-27
အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် ပါတီဝင်ဟောင်းတွေ စုစည်းပြီးတော့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ကို ရန်ကုန်မြို့ ယုဒဿန်ခမ်းမမှာ ဒီနေ့ အစည်းအဝေးကျင်းပပြီး ဖွဲ့စည်းလိုက်ပါတယ်။