နိုင်ငံသားစိစစ်ရာမှာ ရခိုင်ဒေသခံတွေ သဘောထားကို အရင်ဖြေရှင်းပေးဖို့ တောင်းဆို


2014.09.28
rakine-305 ဘူးသီးတောင်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စီစစ်တာနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန်ဖို့ စက်တင်ဘာ ၂၆ ရက်နေ့က မြို့ခံတွေ အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက် ရာမှာ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆို ချက်တွေကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်း ဆိုလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖော် ထုတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ် ပူပန်မှုတွေကို အရင်ဆုံး လိုက်လျောဖြေရှင်းပေးဖို့ ကြေငြာ ချက် ထုတ်ပြန်တောင်းဆိုတာဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ် ရခိုင်လူမှုကွန်ရက်က ဦးအောင်ကိုကိုက ပြော ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေငြာချက်ထဲ မှာ မြေပုံမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်ဆောင်ရွက်ခဲ့ရာမှာ ဥပဒေနဲ့ ညီညွတ်မှုမရှိ တာကြောင့် နိုင်ငံသား ဖြစ်ခွင့်ရသူနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို ကန့်ကွက်ကြောင်း၊ အရင်က ဘင်္ဂါလီ လူမျိုးတွေကို မှားယွင်းစွာ ထုတ်ပေးခဲ့တဲ့ နိုင်ငံသားသက်သေခံကဒ်ပြားတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ညီ၊ မညီစိ စစ်ပေးဖို့၊ ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကဒ် ရရှိထားသူတွေကို လည်း ကမန်လူမျိုးအစစ် အမှန်ဟုတ်မဟုတ် စိစစ်ပေးဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို သွေဖယ်ပြီး နိုင်ငံသားစိစစ်ရေး ကဒ်ရရှိထားသူနဲ့ ကဒ်ရရှိအောင် အားပေးကူညီသူတွေကို ဥပဒေအရ အရေးယူပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ပါရှိပါတယ်။

ဒီကြေညာချက်ကို မြို၊ ခမီး၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပါအဝင် သံဃာတော်တွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်း ၈ ခုက စုပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပါအဝင် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။