ကယ်ဆယ်ရေးသွားတဲ့ ထိုင်းရဟတ်ယာဉ် ပျောက်ဆုံး


2014.09.28
htoo-foundation-helicopter-305 ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ရှာဖွေရင်း နဲ့ ပျောက်ဆုံးနေတဲ့ ထူးဖောင်ဒေရှင်းက ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ပုံ
Photo: Htoo Foundation

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား ၂ ဦးကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ထံ ရိက္ခာပို့ဖို့ သွားရောက်ရင်း မနေ့ကစလို့ အဆက် အသွယ် ပြတ်တောက်သွားခဲ့တဲ့ ထိုင်းနိုင်ငံက  B4 အမျိူးအစား ရဟတ်ယာဉ်ကို ဒီကနေ့ထိ ဆက်လက် ရှာဖွေနေဆဲပဲလို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

အဆက်အသွယ်ပြတ်တောက်နေတဲ့ B4 ရဟတ်ယဉ်ကို ထူးဖောင်းဒေးရှင်းရဲ့ B3 ရဟတ်ယာဉ်၂ စီး၊ တပ်မတော်လေက  MI 17 အမျိူးအစား စစ်ရဟတ် ယာဉ်တစ်စီးတု့ိနဲ့ ဆက်လက်ရှာဖွေနေပြီး ၊ လောလောဆယ်အထိ အဆက်အသွယ် မရသေးဘူးလို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က RFA ကိုပြောပါတယ်။

"ကျနော်တို့ အခုရှာဖွေနေတဲ့ ထိုင်းနိုင်ငံ B4 အမျိုးအစားရဟတ်ယာဉ်ကို ကျနော်တို့ ရှာဖွေနေတဲ့ အပိုင်းမှာ ထပ်မံအင်အားဖြည့်ပြီးတော့မှ ကျနော်တို့ စစ်ရဟတ်ယာဉ်တွေနဲ့ အားလုံးပူးပေါင်းပြီးတော့မှ ဒေသခံတွေ အကုန်လုံး ရွာစတစ်လျှောက်လုံးပေါ့နော်၊ ပူတာအိုကနေပြီး ရွာစဉ်တစ်လျှောက် ရွာသူရွာသားတွေ အကုန်လုံး ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောက်ရွက်နေကြပါတယ်၊ လက်ရှိအခြေအနေအထိ အဆက်အသွယ် မရရှိသေးပါဘူးခင်ဗျ"

အဆက်အသွယ်ပြတ်တောက်နေတဲ့ ရဟတ်ယာဉ်ပေါ်မှာ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့  ၃ ဦး လိုက်ပါသွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ B4 ထိုင်းရဟတ်ယာဉ်ဟာ ရှာဖွေရေးလုပ်ငန်းတွေအတွက် ထူးဖောင်ဒေးရှင်းက ငှားရမ်းထားတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်စခန်းရှိတဲ့ တဟွန်ဒမ်းကျေးရွာကို စက်တင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက ရိက္ခာပို့ဖို့အသွား ပျံသန်းချိန် မိနစ် ၂၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။