သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-30
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ တရားသူကြီးနဲ့ ဥပဒေအရာရှိတွေကို တာဝန်ကနေ ဖယ်ရှားပေးဖို့ ဒေသခံ သုံးရာလောက် ဒီကနေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။
2016-08-30
တိုင်းနဲ့ပြည်နယ်တွေမှာ အသစ်ခန့်အပ်မယ့်၊ နိုင်ငံ့ဝန်ထမ်းမဟုတ် တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေ အတွက် နိုင်ငံတော်က ပေးအပ် ရမယ့် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေ ကို ပြန်လည် သုံးသပ်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို ကို ပြည်သူ့ လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-08-30
မကွေးတိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ပတ်သက် လို့ ဖြေရှင်းပေးနိုင်ဖို့ ၉ဝ ရာခိုင်နှုန်းလောက် သေ ချာနေပြီလို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။
2016-08-30
ကမ္ဘောဒီးယားနိုင်ငံက အန်ကာဝပ် ဘုရားကျောင်းတော်နဲ့ မနီးမဝေးမှာရှိတဲ့ ကမ်ပုန်ဖလွတ် အမည်ရှိ တံငါရွာလေးကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအဖြစ် အသုံးပြုနေတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2016-08-29
မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ လူ့အခွင့် အရေးကို အပြည့်အဝလေးစားမှုနဲ့ ခွဲခြား ဆက်ဆံမှုကို ကျော်လွှားပြီး၊ အားလုံးပါဝင်နိုင်ရေးကို မြှင့်တင် ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။
2016-08-29
အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည် အပတ် ခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ ဒီကနေ့ တွေ့ ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံ သဘောတူညီချက် ၄ ချက် ကို လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင် ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
2016-08-29
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံဖို့ ပြည်နယ်အစိုးရ အဖွဲ့က ညွန်ကြားလိုက်ပါတယ်။
2016-08-29
လာမယ့်စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်း ကမ်း ချိုးဖောက် တဲ့ မော်တော်ယာဉ်တွေကို ထိရောက် တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး အရေးယူသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2016-08-29
လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပ မယ့် ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအစီအစဉ်တွေနဲ့ ညီလာခံအတွင်း အစုအဖွဲ့အလိုက် ဆွေးနွေးသွား မယ့် ကိစ္စတွေကို ညီလာခံ ပူးတွဲကျင်းပရေး ကော် မတီက ဒီနေ့ ဆွေးနွေးကြပါတယ်။
2016-08-29
ပြည်ထောင်စုအဆင့်နဲ့ အမျိုးသား အဆင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင် ရာတွေ့ဆုံပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပြုဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၇၈ ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-08-29
ကချင်အထူးဒေသ ၁ နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ် - မြန်မာနယ်စပ် မှတ်တိုင် အမှတ် ၆ တဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ကေ အိုင်အေ တပ်ရင်း ၃ တို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2016-08-29
၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်တွေ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ နဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2016-08-28
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်က တရားစွဲဆို ထားတဲ့အတွက် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်တွေ၊ ကျောက်တော် ၊ ပေါက်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-08-28
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံရှေးဟောင်းနယ်မြေမှာ စေတီ ပုထိုးတွေ ရာနဲ့ချီပျက်စီးခဲ့ပေမယ့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုမြင့်တက်နေပြီး ခရီးသွားလုပ်ငန်း အပေါ် ထိခိုက်မှုမရှိကြောင်း Nature Dream ခရီးသွားလုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောပါတယ်။
2016-08-28
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေကို ထည့်သွင်းဖွဲ့စည်းလိုက်တဲ့အပေါ် လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အထူး အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြောင်း အရေးကြီးအဆို တင်သွင်းမှာဖြစ်ပါတယ်။