၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုပွဲတွေ ကျင်းပ


2016.08.29
21panglong-welcome-ygn-620.jpg ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ဒီနေ့ ကျင်းပပြု လုပ်ခဲ့ပြီး ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ကိုယ်စား လှယ်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲတွေကို မြို့နယ်တော်တော်များများမှာ ကျင်းပမှုတွေ ရှိနေပေမယ့် လွှတ်တော်အဆောက်အအုံမှာ ထောက်ခံကြိုဆိုပွဲ ကျင်းပတာ ဒါပထမဆုံးဖြစ်ပါတယ်။

အဲ့ဒီကြိုဆိုပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက လက်ရှိဖြစ်ပေါ်နေတဲ့ အပစ်အခတ်တွေကို ရပ်ဆိုင်းပြီး ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီပွဲကို ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက် ခဲ့ပါတယ်။ အနုပညာရှင်တွေက ငြိမ်းချမ်းရေး သီချင်းတွေ သီဆိုခဲ့ကြပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက စစ်ဘေးရှောင်စခန်းက ဒုက္ခသည် ကလေးတွေအတွက် ကဗျာ တစ်ပုဒ်ကိုလည်း ဒီနေ့ အခမ်းအနား မှာ ရွတ်ဆိုခဲ့ပါတယ်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာမှာလည်း ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံကြိုဆို ပွဲ ကျင်းပခဲ့ပါတယ်။ ကျည်တောင်ရွာက ကြိုဆိုပွဲကို နေပြည်တော် စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အင်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်သူတွေ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။