၂၁ ရာစုပင်လုံညီလာခံကို ဘုရားသုံးဆူမြို့ခံတွေ ထောက်ခံ ကြိုဆို


2017.02.21
21panglong-welcome-3pagoda-620.jpg ၂၁ ရာစု ပင်လုံညီလာခံကို ဘုရားသုံးဆူမြို့ခံတွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထောက်ခံကြိုဆိုစဉ်
ဓါတ်ပုံ - မမွန်မွန် ဖေ့စ်ဘွတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိုနယ် ဘုရားသုံးဆူမြို့ခံ ၁၀၀ ကျော်က ထောက်ခံကြိုဆိုတဲ့အနေနဲ့ ဒီနေ့ လမ်းလျှောက်ချီတက် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ပင်လုံညီလာခံကို အောင်မြင်စေချင်တာကြောင့် ထောက်ခံကြောင်း လမ်းလျှောက်ချီတက်တာဖြစ်တယ်လို့ မြို့ခံ ဦးသန်းလွင် က ပြောပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပင်လုံငြိမ်းချမ်းရေးကို ကျနော် တို့ထောက်ခံတဲ့အားနဲ့ ကျနော်တို့လုပ်လိုက် တာပါ၊ မြို့ခံတွေကလည်း အားလုံးတက်တက်ကြွကြွပါပဲ"

ချီတက်ပွဲမှာပါဝင်သူတွေဟာ ပြည်ထောင်ငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံညီလာခံကို ကြိုဆိုကြောင်း ဗီနိုင်းတွေ ကိုင်ဆောင်ပြီး မြို့တစ်ပတ် လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။

ချီတက်ပွဲဦးဆောင်သူတွေဟာ ၂၁ ပင်လုံ ကျင်းပရတဲ့ မူဝါဒတွေဖတ်ခဲ့ပြီး မြို့ထဲနဲ့ နယ်စပ်ဂိတ်တွေမှာ ၂၁ပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုတဲ့ ဗီနိုင်းတွေ စိုက်ထူခဲ့ပါတယ်။

ဘုရားသုံးဆူမြို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေ ဖြစ် ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့လျာထားခဲ့ပေမယ့် လာမယ့် မတ်လ ပထမပတ်မှာ ကျင်းပဖို့ ရက်ရွှေ့ဆိုင်းထားပါတယ်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။