ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းတဲ့အပေါ် မေးမြန်းချက်


2016.08.28

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားတွေကို ထည့်သွင်းဖွဲ့စည်းလိုက်တဲ့အပေါ် လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အထူး အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြောင်း အရေးကြီးအဆို တင်သွင်းမှာဖြစ်ပါတယ်။

ယာယီရပ်နားထားတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးကို အရေးပေါ်ကျင်းပပေးဖို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက လက်မှတ်ရေးထိုးတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အရေးကြီးအဆို တင်သွင်းမှာနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။