သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-28
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားဟာ ဒီနေ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလာရောက်ခဲ့ပြီး IDP ဒုက္ခသည်စခန်း ၃ခုကို သွားရောက်ကြည့်ရှုသွားတယ်လို့ သိရပါတယ်။
2013-08-28
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်တဲ့ ကရင်သတင်းဌာန (ကေအိုင်စီ) က ကရင်သတင်းစဉ် စာစောင်ကို လာမယ့် စက်တင်ဘာလကစလို့ မြန်မာပြည်တွင်းမှာ လစဉ်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
2013-08-28
မြန်မာနိုင်ငံထဲကို ဗီဇာပါရှိတဲ့ နိုင်ငံကူးလက်မှတ်၊ ခိုင်လုံတဲ့ ခရီးသွား လက်မှတ်ပါရှိတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံသားတွေအပါအဝင် အခြား တတိယနိုင်ငံသားတွေအတွက် ဝင်/ထွက်ခွင့်သွားလာနိုင်တဲ့ နယ်စပ်ဂိတ်ဖွင့်ပွဲ အခမ်းအနားတွေကို ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်ဂိတ်လေးခုမှာ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။
2013-08-28
၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တချို့ဟာ နော်ဝေနိုင်ငံ အခြေစိုက် နော်ဝေ-ဘားမားကော်မတီ ရဲ့ဖိတ်ကြားချက်နဲ့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ နော်ဝေနိုင်ငံ ရွေးကောက်ပွဲနဲ့ ဂျာမဏီ နိုင်ငံပါလီမန်ကိုလေ့လာဖို့ သွားကြမယ်လို့ သိရပါတယ်။
2013-08-28
မလေးရှား အစိုးရက နိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမယ့် နိုင်ငံခြားသားတွေကို လာမယ့် စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေစပြီး စီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်တဲ့အတွက် သက်သေခံ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁သိန်းခန့် အဖမ်းဆီးခံရမယ့် အနေအထားရှိတယ်လို့ သိရပါတယ်။
2013-08-28
သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး အရေးတော်ပုံငွေရတု အထိမ်းအမှတ်အနေနဲ့ ဟံသာဝတီ အဝိုင်းကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များအင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းကို လမ်းမတော်မြို့နယ်ရဲစခန်းက ပုဒ်မ(၁၈) နဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
2013-08-28
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်း လှည့်လည်ခွင့် ဆိုင်ရာဥပဒေပုဒ်မ ၁၈ ကိုဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းမှာ မနေ့ကစီတန်းလှည့်လည် ဆန္ဒပြ တောင်းဆိုကြတဲ့သူတွေထဲက ခြောက်ဦးကို မြို့နယ် ၆ မြို့နယ်ကပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။
2013-08-28
ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ မူကြမ်းထဲကပြစ်ဒဏ်အခန်းကို ဖျက်သိမ်းပြီး၊ မှတ်ပုံတင်ကြေးတွေကိုလည်း လျှော့ချလိုက်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင်တွေနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP တို့ တွေ့ဆုံစဉ် လွှတ်တော်တာဝန်ရှိသူတွေက ပြောပါတယ်။
2013-08-28
အသင်းအဖွဲ့များဆိုင်ရာ ပုဒ်မ (၆) နဲ့ ငြိစွန်းတယ်ဆိုပြီး စွဲချက်တင်ခံ ထားရတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးနဲ့ ၂ ဦးကို ဒီနေ့ သြဂုတ်လ (၂၇) ရက် အင်္ဂါနေ့က နတ်တလင်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က နတ္တလင်းမြို့ကနေ သတင်းပေးပို့ထားပါတယ်
2013-08-28
"ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" မှာပါဝင်တဲ့ တရားမဝင် စီတန်းလှည့်လည်မှု ဆိုင်ရာ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့အတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းတချို့ ရန်ကုန်မြို့မှာ သြဂုတ်လ ၂၇ ရက် ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-27
၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေမှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ပြဌာန်းချက်တွေပါဝင်ပေမယ့် အကောင်အထည် မဖော်တာကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသား ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအဆိုပြုချက် အပါအဝင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်း ကော်မတီက ရေးဆွဲနေတာ အခုပြီးစီလုနီးနေပြီဖြစ်ပါတယ်။
2013-08-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီက မြေယာလျော်ကြေးယူဖို့ လှုံ့ဆော်နေတာတွေ ရပ်တန့်ပေးရေးအပါအဝင် တောင်းဆိုချက် ၈ချက်နဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာမှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-08-27
ဂျပန်နိုင်ငံရဲ့ အဓိကလေကြောင်းလိုင်းကြီးတစ်ခုဖြစ်တဲ့ အေအန်အေ (ANA)ဟာ မြန်မာနိုင်ငံ အခြေစိုက် လေကြောင်းလိုင်းတစ်ခုရဲ့ အစုရှယ်ယာ (၄၉) ရာခိုင်နှုန်းကို ဝယ်ယူမယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2013-08-27
သြဂုတ်လ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ မူစလင် အမျိုးသားတစ်ဦး သီချင်းဖွင့်ရာက အချင်းများပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ရာမှာ ဒေသခံ ဘာသာရေး ခေါင်းဆောင်တွေနဲ့အုပ်ချုပ်ရေး အာဏာပိုင်တွေက ပူးပေါင်းပြီး ဆူပူမှုတွေပေါ်ပေါက်ခြင်းမရှိအောင် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
2013-08-27
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာက သိမ်းယူထားတဲ့ လယ်မြေထဲမှာ တဲအိမ် ဝင်ဆောက်လို့ဆိုပြီး မူလ လုပ်ကိုင်ခဲ့တဲ့ လယ်သမား(၁၀) ယောက်ကို ကျုံကဒွန်းမြို့နယ် ရဲစခန်းက မနေ့ညက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။