ဂျပန်နိုင်ငံရဲ့ အဓိကလေကြောင်းလိုင်းကြီးတစ်ခုဖြစ်တဲ့ အေအန်အေ (ANA)ဟာ မြန်မာနိုင်ငံ အခြေစိုက် လေကြောင်းလိုင်းတစ်ခုရဲ့ အစုရှယ်ယာ (၄၉) ရာခိုင်နှုန်းကို ဝယ်ယူမယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ အစိုးရသစ် လက်ထက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနေပြီး လေကြောင်းလိုင်း ကဏ္ဍရင်းနှီးမြှုပ်နှံမှုမှာတော့ အခု အေအန်အေလေကြောင်းလိုင်းဟာ ပထမဆုံးဖြစ်ပါတယ်။
အေအန်အေဟာ နိုင်ငံတကာ ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ ရန်ကုန်မြို့အခြေစိုက် Asian Wings လေကြောင်းလိုင်း ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ ၂၅ သန်းထည့်ဝင်ပြီး ပူးပေါင်း လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ အေအန်အေ လေကြောင်းလိုင်းက ဒီကနေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ Sun Far ခရီးသွားလုပ်ငန်းကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားတဲ့ Asian Wings လေကြောင်းလိုင်းဟာ လောလောဆယ် မြန်မာနိုင်ငံအတွင်း မြို့ကြီး (၁၃) မြို့ကို ပျံသန်းနေပြီး၊ ပြည်ပခရီးစဉ်ပျံသန်းမှုကိုတော့ လာမယ့်အောက်တိုဘာလမှာ စတင်မယ်လို့ သိရပါ တယ်။