ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြခေါင်းဆောင်တစ်ဦး တရားစွဲဆိုခံရ
2013.08.28
သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး အရေးတော်ပုံငွေရတု အထိမ်းအမှတ်အနေနဲ့ ဟံသာဝတီ အဝိုင်းကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များအင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းကို လမ်းမတော်မြို့နယ်ရဲစခန်းက ပုဒ်မ(၁၈) နဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
သြဂုတ်လ ၈ ရက်နေ့က ဟံသာဝတီအဝိုင်းကနေ မြို့တော် ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့သူ တွေထဲက ဒေါ်ဖြူဖြူဝင်းနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို သူတို့ လမ်းလျှောက်စဉ်က ဖြတ်သွားခဲ့ကြတဲ့ မြို့နယ် ၆ ခုက ဖုန်းဆက်အကြောင်း ကြားထားပြီး အခုတော့ လမ်းမတော်နဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းတွေက အမှုဖွင့်လိုက်တာပါ။
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် လမ်းလျှောက်ရာမှာဒေါ်ဖြူဖြူဝင်းနဲ့ ဦးဝင်းချိုတို့ အပြင် ဗမာနိုင်ငံလုံး ဆိုင်ရာ အင်ဂျင်နီယာ ကျောင်းသားဟောင်းများ ကွန်ရက်၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အမျိုးသမီးများနဲ့ကလေးများ ကွန်ရက်၊ အမျိုးသမီးများ စောင့်ရှောက်ရေး အဖွဲ့ (ရွှေပြည်သာ) စတဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။