သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-29
ကချင်နိုင်ငံရေးပါတီ သုံးခု ပူးပေါင်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က မြစ်ကြီးနားမြို့မှာ ဒေသခံတွေနဲ့ မိတ်ဆက်တွေ့ဆုံပွဲကို ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-07-29
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်က တရားစွဲဆိုထားတဲ့အမှုကို ရက်ပေါင်း ၁၈၀ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်လို့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ပြောဆိုလိုက်ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်က RFA ကို ပြောပါတယ်။
2019-07-29
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၁၁ ဦးထဲက ယာဉ်မောင်းကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
2019-07-29
မဟနဆရာတော်တွေအနေနဲ့ သာသနာဖျက်လိုသူ အာဏာရှင် တစ်စုရဲ့ ဖိအားပေးတာကို ဆောင်ရွက်မယ်ဆိုရင် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း မဘသအဖွဲ့ဖြစ်တဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဦးတိလောက မိန့်ကြားလိုက်ပါတယ်။
2019-07-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့က တပ်မတော်က ပစ်ခတ်လို့ အသက် ၂၅ နှစ်အရွယ် INGO ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုရဲလင်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို ဒီနေ့ အရေးပေါ် ပို့ဆောင်ထားရပါတယ်။
2019-07-29
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လာမယ့်လအနည်းငယ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူညီလိုက်ပါတယ်။
2019-07-28
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ကောက်စ်ဘဇားက ဒုက္ခသည်တွေ ဘေးမသီရန်မခ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခသည်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ အစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
2019-07-28
တရားမဝင် လိုင်စင်မဲ့ကား စီးနင်းအသုံးပြုတယ်ဆိုပြီး လားရှိုးအခြေစိုက် DVB သတင်းထောက် ခွန်ဇော်ဦးကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ လားရှိုးမြို့ အမှတ် ၁ ရဲစခန်းမှာ ဒီကနေ့ မနက်က အမှုဖွင့်ခဲ့ပြီး လားရှိုးမြို့ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
2019-07-28
ရခိုင်ပြည်နယ် ရသေ့တောင်ကနေ ပုဏ္ဏားကျွန်းမြို့ကိုသွားတဲ့ ကားတစ်စီးပေါ်ကနေ လူငယ် ၁ဝ ဦးနဲ့ ယာဉ်မောင်း တစ်ဦးကို ဇူလိုင်လ ၂၇ ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
2019-07-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်းမှာ ဒီကနေ့ မနက် ၂ နာရီခန့်က ပြိုကျတာကြောင့် လူ ၁၈ ဦး သေဆုံးတယ်လို့ သိရပါတယ်။
2019-07-28
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၃ဝဝ နီးပါးအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပြည်ထောင်စု အစိုးရနဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းပြီး မနေ့က ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
2019-07-28
လားရှိုးမြို့က Gold Luck Water Park ရေပန်းဥယျာဉ်ကစားကွင်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတချို့ လုပ်ခမရတဲ့သတင်း ထောက်လှမ်းမေးမြန်းတဲ့ သတင်းထောက် နှစ်ယောက်ကို လုပ်ငန်းရှင်က လိုင်စင်မဲ့ကားအသုံးပြုမှုနဲ့ တိုင်ကြားတဲ့အတွက် ရဲတပ်ဖွဲ့က ယာဉ်ပိုင်ရှင် သတင်းထောက်ကို အမှုဖွင့် ဖမ်းဆီးလိုက်ပါတယ်။
2019-07-28
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၇၇ ဦးကို ဇူလိုင်လ ၂၆ ရက် သောကြာနေ့က ကော့သောင်းမြို့ နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-07-27
ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်တဲ့ အမျိူးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဟာ ဒီနေ့မှာ ပါတီရည်ရွယ်ချက်အပါအဝင် ပါတီမိတ်ဆက်တာကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းမှာရှိတဲ့ ORCHID ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2019-07-27
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးအနီးမှာရှိတဲ့ နေအိမ် ကိုးလုံးကို မန္တလေး စည်ပင်သာယာရေး ကော်မတီက ဒီကနေ့ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။