ဒေါင်းတို့မျိုးဆက်အမှု ခြောက်လအတွင်း အပြီးအပြတ်ဆောင်ရွက်မည်


2019.07.29
peacock-generation-court-jul29-622.jpg ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ၂၀၁၉၊ ဇူလိုင် ၂၉ ရက်နေ့က ဗိုလ်တထောင်တရားရုံးမှာ ရုံးထုတ်စဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်က တရားစွဲဆိုထားတဲ့အမှုကို ရက်ပေါင်း ၁၈၀ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်လို့ ဗိုလ်တထောင်မြို့နယ် တရားရုံးက ပြောဆိုလိုက်ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်က RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်ပြီး ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ဝင် ခုနှစ်ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဖျာပုံမြို့နယ် တရားရုံးမှာလည်း တရားစွဲဆိုထားကြောင်း လက်ရှိအချိန်မှာ တစ်ပတ် သုံးရက် တရားရုံးထုတ်နေရတဲ့အတွက် ကျန်တဲ့ရက်တွေမှာ ဖျာပုံမြို့နယ် တရားရုံးမှာ ရုံးထုတ်နိုင်အောင် ညှိနှိုင်းနေကြတယ်လို့ ပြောပါတယ်။

သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာလည်း ပုဒ်မ ၅၀၅ (က)နဲ့ တပ်မတော်က တရားစွဲဆိုထားတာရှိပါတယ်။ ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ နောက်တစ်ကြိမ် ရုံးချိန်းကို လာမယ့် သြဂုတ်လ ၅ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

ဒါ့အပြင် သံချပ်အဖွဲ့ဝင်တွေကို ဝန်းရံခဲ့တဲ့သူတွေ ဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ပုဒ်မ နှစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။