သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-28
ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုံ အမှတ် (၂) က ဂျပန်လူမျိုးပိုင် ဟန်နီအထည်ချုပ်စက်ရုံ အလုပ် သမားတွေကိုကူညီနေတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားများအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး ကို စက်ရုံကနစ်နာကြေးအဖြစ် သိန်းပေါင်း ၂ သောင်း ၈ ထောင်ကျော် ရလိုမှုနဲ့ ရှေ့နေ ကနေတဆင့် စာပို့ထားပါတယ်။
2017-07-28
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာအဖွဲ့တွေနဲ့ တပ်မတော်တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌ (၁) ဦးအောင်လှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-07-28
လတ်တလောဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတရပ်ကို ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဒီကနေ့ လွှတ်တော်မှာ တင်သွင်းပါတယ်။
2017-07-28
မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦး အပါအဝင် စုစုပေါင်း ၆ ဦးကို ဒီကနေ့သီပေါမြို့နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို စတင်စစ်ဆေးခဲ့ပါတယ်။
2017-07-28
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဇူလိုင်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Olympics မှာ အဆင့် ၆ ရခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ မီဒီယာနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-07-28
ရခိုင်ပြည်နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်ကို ပြန်လည် သုံးသပ်နေတယ်လို့ အစိုးရအဖွဲ့ကနေ သိရပါတယ်။
2017-07-28
မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတဲ့ လွှတ်တော် ဦးစီးမှူးအပါအဝင် ၃ ဦးကို အရေးယူပေးဖို့အတွက် ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာပို့ထားပေမယ့် အဲဒီ အစီရင်ခံစာဟာ ၁၀ ရက်ကျော်တဲ့အထိ ဝန်ကြီးချုပ်ဆီ မရောက်သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။။
2017-07-28
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ မနေ့ညက အိမ်တအိမ်ကို ဖြိုချဖျက်ဆီးပေးဖို့ တောင်းဆိုလာသူတွေ များလာတဲ့အတွက် ဖြိုချဖျက်ဆီးလိုက်တာဖြစ်တယ် လို့ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌက ပြောပါတယ်။
2017-07-28
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံ လျှောက်ထားမှုကို ဗဟန်းမြို့နယ် တရားရုံးက ဒီကနေ့ ၉ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။
2017-07-28
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုတ်ကွေး H1N1 ဖြစ်ပွားနေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2017-07-28
ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးနစ်မြုပ် မှုတွေကြောင့် စိုက်ပျိုးမြေဧကပေါင်း ၈ သောင်းလောက် ရေမြုပ်ခံရပြီး ၁ သောင်း ၈ ထောင်လောက် ပျက်စီးတယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးတင့်ထွန်းက ပြော ပါတယ်။
2017-07-27
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံတစ်ခုမှာ ကြက်ငှက်တုပ်ကွေး( H5N1) ဗိုင်းရပ်တွေ့ရှိမှုကြောင့် ကြက်ကောင်ရေ ၂ သောင်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဗိုင်းရပ်ပျံ့နှံ့မှုစိုးရိမ်ရတဲ့ အတွက် ထားဝယ်မြို့အတွင်းက အခြေခံကျောင်းတွေကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၅ ရက်ကြာ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2017-07-27
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ပြန် ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာ အဖွဲ့ အစည်းတွေဟာ ဇူလိုင်လ ၂၇ ရက်နေ့ က နေပြည်တော်က ပြန်ကြားရေးဝန်ကြီး ဌာနမှာ "မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။
2017-07-27
ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အမျုးိသားရေး လှုပ်ရှားတက်ကြွသူတွေကို အမိန့်မချသေးဘဲ မကြာခဏ ရုံးချိန်း ချိန်းဆိုနေတဲ့အပေါ် မကျေနပ်တဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ ကမာရွတ်မြို့နယ်တရားရုံးကို ဇူလိုင်လ ၂၇ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-07-27
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ထောက်ပံ့နေတဲ့အပြင်၊ ဒုက္ခသည်တွေ ရေရှည်ရပ် တည်ရေးအတွက် အသက်မွေးဝမ်းကြောင်းသင်တန်း ၁၅ ခု ဖွင့်လှစ်ပြီး သင်ကြားပေးနေပါတယ်။