ရာသီတုပ်ကွေးကိစ္စ လွှတ်တော်မှာ အရေးကြီး အဆိုတင်


2017.07.28
h1n1-prevent-662.jpg ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားနဲ့ ဆရာတွေ နှာခေါင်းစည်းတပ်ဆင်ထားစဉ်
Photo: RFA

လတ်တလောဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတစ်ရပ်ကို ကျောင်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဒီကနေ့ လွှတ်တော်မှာ တင်သွင်းပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက H1N1 နဲ့ ပတ်သက်ပြီး ပြည်သူထဲမှာ အသိပေးရုံနဲ့ မရဘူး လို့ ပြောပါတယ်။

ဇူလိုင်လ ၁၉ ရက်က စပြီး အဲဒီ H1N1 ရောဂါဖြစ်ပွားသူ ၃ဝ ခန့်ရှိပြီး မနေ့ကအထိ ၆ ဦး သေဆုံးတယ်လို့လည်း သိရပါတယ်။

အဲဒီအရေးကြီးအဆို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတစ်ဝန်းလုံးမှာ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၆ ဦးရှိပြီး ကူးစက်ခံရသူ ၃၀ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။