ထားဝယ်မှာ အခြေခံပညာကျောင်းတွေကို ၅ ရက်ပိတ်ဖို့ တိုင်းအစိုးရ ညွှန်ကြား


2017.07.27

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံတစ်ခုမှာ ကြက်ငှက်တုပ်ကွေး( H5N1) ဗိုင်းရပ်တွေ့ရှိမှုကြောင့် ကြက်ကောင်ရေ ၂ သောင်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဗိုင်းရပ်ပျံ့နှံ့မှုစိုးရိမ်ရတဲ့ အတွက် ထားဝယ်မြို့အတွင်းက အခြေခံကျောင်းတွေကို ဇူလိုင် ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၅ ရက်ကြာ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တနသာၤရီတိုင်း လူမှုရေးဝန်ကြီး ဦးဟိုပင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။