တိုင်း ၃ တိုင်းမှာ လယ်ဧက တစ်သောင်း ရှစ်ထောင်ကျော် ရေမြုပ်ပျက်စီး
2017.07.28
ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် စိုက်ပျိုးမြေဧကပေါင်း ၈ သောင်းလောက် ရေမြုပ်ခံရပြီး ၁ သောင်း ၈ ထောင်လောက် ပျက်စီးတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
ဦးမျိုးုတင့်ထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။