သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-29
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပါ အဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ကိစ္စတွေကို ကူညီဖြေရှင်းဆောင် ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ မြန်မာကောင်စစ်ဝန်ရုံးကို ဒီနေ့ မနက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
2015-07-29
အာရှတိုက်ရဲ့ နိုဘယ်ဆုအဖြစ်တင် စားခေါ်ဝေါ်ကြတဲ့ ရေမွန် မက်ဆေးဆေးဆု Ramon Magsaysay Award ကို အခု ၂၀၁၅ ခုနှစ်အတွက် ၅ ဦး ရွေးချယ်ချီးမြှင့်လိုက်တဲ့အထဲမှာ ရန်ကုန်နာရေးကူညီမှု အသင်းဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူလည်း ပါဝင်ပါတယ်။
2015-07-29
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စား လှယ် ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်တို့နဲ့ နေပြည်တော် မှာ ဒီနေ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မှာဖြစ်ပါတယ်။
2015-07-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တိုင်း ဒေသကြီးကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ဖို့ ဒီနေ့ သန်လျင်မြို့မှာရှိတဲ့ ရန်ကုန်တောင်ပိုင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2015-07-29
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရမယ်လို့ မျှော်လင့်မထားပေမယ့် အစိုးရဖွဲ့နိုင်လောက်တဲ့ အထိတော့ နိုင်မှာဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဒီနေ့ ကျင်းပတဲ့ ကိုယ်စားလှယ်ခန့်အပ်ပွဲမှာ ပြော ပါတယ်။
2015-07-29
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှု စတဲ့ ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ ၆၈ ဦးကို သာယာဝတီ ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာ ကျောင်းသား နဲ့ ဝန်းရံသူ ၈ ဦးက ဆေးအာမခံ လျှောက်ထားခဲ့ကြပါတယ်။
2015-07-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံ CNPC ရေနံကုမ္ပဏီက တည်ဆောက်နေတဲ့ ရေနံတင်ဆိပ်ကမ်းနဲ့ ရေနံသိုလှောင်ကန်ဆောက်တဲ့ စီမံကိန်းက လယ်ယာမြေတွေသိမ်းထားတာကို ဒေသခံတွေက မနက်ဖန်မှာ ဆန္ဒပြဖို့ စာတင် ထားခဲ့ပါတယ်။
2015-07-29
မနေ့က မနက်အစောပိုင်း မင်္ဂလာဒုံမြို့နယ်က ခြောက်လမ်းသွားလမ်းမကြီးပေါ်မှာ ရပ်ထားတဲ့ ကုန်တင်ကားတစ်စီးကို တာဝန်ကျလှည့်ကင်းရဲတပ်ဖွဲ့က စစ်ဆေး ရာမှာ ငွေကျပ် သိန်းပေါင်းတစ်သန်းကျော် (ကျပ်ငွေ ၁၃၃ ဘီလီယံ) တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
2015-07-29
ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း တဲ့အတွက် မိုးကောင်းမြို့နယ်မှာ အိမ်ခြေ ငါးထောင် နီးပါး ရေနစ်မြုပ်နေပြီး လူဦးရေတစ်သောင်းလောက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2015-07-29
လုပ်ခလစာတိုးမြင့်ရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကြောင့် တရားစွဲခံနေရတဲ့ ရန်ကုန် ရွှေပြည်သာမြို့နယ်က အလုပ်သမားခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-07-29
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ခရီးသွားလာရာမှာ ဗီဇာကင်းလွတ်ခွင့်ပြုဖို့အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ RFA သတင်းထောက်ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2015-07-28
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ သူ့ကို ရုပ်သိမ်းပေးဖို့ ဇေယျာ သီရိမြို့နယ် တပ်မတော်မိသားစုဝင်တွေက ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာနဲ့ ပတ်သက် ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ မနေ့က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
2015-07-28
ဗြိတိသျှအစိုးရ ဓနသဟာယ နဲ့ နိုင်ငံခြားရေးရာဝန်ကြီး Mr. Hugo Swire က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်လိမ့်မယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။
2015-07-28
တရားမဝင်အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ကိုဇော်ဇော်လတ်ကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ ဒီနေ့ ထပ်တိုးပြီး အမှုဖွင့်လိုက်ပါတယ်။
2015-07-28
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးကြီးနေတာကြောင့် ကျောက်တော်မြို့နယ် သရက်အုပ်၊ ပြိုင်းချောင်း၊ ငတပေါင်း၊ လမုတပင် စတဲ့ ကျေးရွာတွေက ဒေသခံ နှစ်ထောင်လောက် ကို ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။