နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ ရေမွန် မက်ဆေးဆေးဆု ချီးမြှင့်ခံရ
2015.07.29

အာရှတိုက်ရဲ့ နိုဘယ်ဆုအဖြစ်တင်စားခေါ်ဝေါ်ကြတဲ့ ရေမွန် မက်ဆေးဆေးဆု Ramon Magsaysay Award ကို အခု ၂၀၁၅ ခုနှစ်အတွက် ၅ ဦး ရွေးချယ် ချီးမြှင့်လိုက်တဲ့အထဲမှာ ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူလည်း ပါဝင်ပါတယ်။ အခုလို မက်ဆေးဆေးဆုချီးမြှင့်ခံရတဲ့အတွက် ပြည်သူ့အကျိုးကိုထမ်းဆောင်ဖို့ သူ့မှာ ပိုပြီးတာဝန်ရှိသွားပြီလို့ ဦးကျော်သူက RFA ကိုပြောပါတယ်။
"ကျနော်ပြောချင်တာကတော့ ကျနော်ပိုတာဝန်ကြီးသွားပြီပေါ့လေ၊ ဒီဟာရတဲ့အတွက်၊ ပိုပြီးတော့ လူအောက်ပိုကျို့ရတော့မယ်၊ အနစ်နာခံပြီးပိုလုပ်ရတော့မယ်၊ ဒီဆုနဲ့ ထိုက်တန်အောင် ပြန်ပေး ဆပ်ရတော့မှာ"
ဒီနှစ်အတွက် ချီးမြှင့်ခံရသူတွေက မြန်မာနိုင်ငံက ဦးကျော်သူအပါအဝင်၊ ကွန်မလေ ချန်သာဗန် အမည်ရှိ လာအိုနိုင်ငံသူ အမျိုးသမီး၊ လီဂါယာဖာနန်ဒို အမည်ရှိ ဖိလစ်ပိုင် နိုင်ငံသူနဲ့ ဆန်ဒစ်ဗ်ချာတူဗီတီနဲ့ အန်ရှူဂူပ်တာဆိုသူ အိန္ဒိယနိုင်ငံ သား နှစ်ဦးဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန် မက်ဆေးဆေးကိုဂုဏ်ပြုပြီး၊ ကမ္ဘာတဝှမ်း ပြည်သူ့အကျိုးပြုလုပ် ငန်းတွေကို ထူးထူးချွန်ချွန်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကို ဖိလစ်ပိုင်နိုင်ငံက နှစ်စဉ်ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်က ချီးမြှင့်တဲ့ မက်ဆေးဆေးဆုကို ထိုင်း-မြန်မာနယ်စပ်မှာ ဆေးကုသ ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင် ရရှိခဲ့ဖူးပါတယ်။ ဆုချီးမြင့်ခံရသူတွေဟာ ဂုဏ်ပြုဆုနဲ့အတူ ဒေါ်လာငွေ ၃ သောင်းကိုလည်း အသီးသီး ရရှိမှာ ဖြစ်ပါတယ်။