သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-25
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေအကြား ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က အာရှတိုက် ကို ရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးဟာ KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဇွန်လ ၁ဝ ရက်နေ့မှာ သွားရောက် သတင်းရယူခဲ့ပါတယ်။
2011-06-25
အခု ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရန်ကုန်တိုင်းဒေသ ကြီး တောင်ဒဂုံမြို့သစ် မြို့ပေါ်ရပ်ကွက် တွေမှာ လူနေအိမ်တွေ ရေဝင်ပြီး လမ်းတွေ ရေနစ်မြုပ်နေသလို လေးထောင့်ကန် ကျေးရွာမှာ မိုးစပါး စိုက်ပျိုးထားတဲ့ လယ်တွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
2011-06-25
စစ်ကိုင်းတိုင်း ကလေးမြို့ ပရိဘောဂ အလုပ်ရုံတွေမှာ တရားမဝင် ကျွန်းသစ်တွေနဲ့ တံခါးကြီးတွေ ပြုလုြပ်ပီး အိန္ဒိယနိုင်ငံကို တင်ပို့နေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ သိရပါတယ်။
2011-06-25
ပါလီမန် ဒီမိုကရေစီခေတ် ကတည်းက လက်ရှိ သမ္မတဦးသိန်းစိန် လက်ထက်ထိ ဥပဒေရေးရာ ကိစ္စတွေ စဉ်ဆက်မပြတ် ဆောင်ရွက်လာပြီး ရှေ့နေလောကမှာ ထင်ရှားတဲ့ ဦးသန်းတင်ဟာ အသက် ၉ဝ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် ရန်ပုံငွေ ကျပ် ၁ဝ သိန်း ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
2011-06-25
သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ လာမယ့်သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင် တွေအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
2011-06-25
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။
2011-06-24
`ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို ခိုင်ခိုင်မာမာ ကာကွယ် ရပ်တည်ပေးတဲ့ အစိုးရ ရှိနေရင် ပြည်ပက မတရား အမြတ်ထုတ်တာတွေ လုပ်ဖို့ အင်မတန် ခက်ပါတယ်၊`
2011-06-24
မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးစု အဖွဲ့တွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတာတွေကို အရေးယူပေးဖို့ နိုင်ငံတကာမှာ ဆန္ဒပြနေကြပါတယ်။
2011-06-24
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ဂျပန်နိုင်ငံက အဆင့်မြင့် သံတမန်တဦး ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
2011-06-24
လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
2011-06-24
နေပြည်တော်မြို့၊ မန္တလေးမြို့နဲ့ ပြင်ဦးလွင် (မေမြို့) တို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပါွးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မွန်းတည့် အချိန်လောက်မှာ မန္တလေး ဈေးချိုအနီးမှာ ဗုံးပေါက်ကွဲခဲ့ရာမှာ ကားတစ်စင်း ပျက်စီးသွားတယ်လို့ အစိုးရ အရာရှိ တဦးက ပြောပါတယ်။
2011-06-24
ကမ္ဘာ့နံပါတ်(၁) ဘိန်းအထွက်ဆုံး အာဖဂန်နစ္စတန် နိုင်ငံမှာ မနှစ်က ဘိန်းပင်တွေ ပိုးကျတာကြောင့် ဒီနှစ်မှာ ဘိန်းထွက်နှုန်း လျှော့ကျသွားနိုင်တယ်လို့ ခန့်မှန်းနေချိန်မှာပဲ ၊ မြန်မာ နိုင်ငံ မှာတော့ ဒီနှစ် အတွက် စိုးရိမ်ဖွယ် ကောင်းလောက်အောင် ဘိန်းပိုထွက်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီက မနေ့က သတိပေး ပြောကြားပါတယ်။
2011-06-24
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကျော် ယိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ် ချီးမြှင့်လိုက်တယ်လို့ တက္ကသိုလ်က မနေ့က သတင်းထုတ်ပြန် ပါတယ်။
2011-06-23
လူကုန်ကူးမှု ပပျောက်ရေးအတွက် အဖက်ဖက် က ဝိုင်းဝန်းဆောင်ရွက်နေတယ်လို့ ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာ ဆင်းရဲ နွမ်းပါးပြီး မသိ နားမလည်တဲ့ မိန်းကလေးတွေ လူကုန်အကူးခံရဆဲပဲ ဖြစ်ပါတယ်။
2011-06-23
ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ ခုပေါ်တဲ့ နွေစပါးတွေက အဖျင်းတွေပဲများ နေတဲ့ အတွက် လယ်သမားတွေ အရှူံးပေါ်နေပြီး စရိတ် မတတ်နိုင်တဲ့ အတွက် စပါးတောင် မရိတ်တော့ဘဲ စပါးပင်တွေကို ခုတ်ပစ်ကြတယ်လို့ သိရပါတယ်။