မြန်မာစစ်တပ်၏ ပြစ်မှုကျူးလွန်မှုများ ပြည်ပအင်အားစုများ ဆန္ဒပြ
2011.06.24

RFA
နယ်သာလင်နိုင်ငံက မြန်မာ ဒီမိုကရေစီအင်အားစု BDC အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ -လွတ်မြောက်နယ်မြေ -နယ်သာလင်ဌာနခွဲ တို့ဦးစီးမှုနဲ့ မြန်မာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး The Hague မြို့က ICC နိုင်ငံတကာ ရာဇဝတ် တရားရုံးရှေ့မှာ ဒီကနေ့နေ့လည် ၁ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပရာမှာ အင်အား ၇၀ ကျော် ပါဝင်ဆန္ဒပြ ကြပါတယ်။
အလားတူဘဲ NLD လွတ်မြောက်နယ်မြေ ဗြိတိန်ဌာနခွဲ က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၁၆ ဖွဲ့ပါဝင်တဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစု ၁၀၀ နီးပါးကလည်း မြန်မာအစိုးရက ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အပေါ် ထိုးစစ်ဆင် နေတာတွေ၊ လူ
့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။