လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

`ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို ခိုင်ခိုင်မာမာ ကာကွယ် ရပ်တည်ပေးတဲ့ အစိုးရ ရှိနေရင် ပြည်ပက မတရား အမြတ်ထုတ်တာတွေ လုပ်ဖို့ အင်မတန် ခက်ပါတယ်၊`

2011.06.24
assk_independence_speech_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူတွေပေါ်မှာ တာဝန်သိခြင်းနဲ့ အိမ်နီးနားချင်းကောင်း ပီသခြင်းဆိုတဲ့ မူနှစ်ခုနဲ့ ကိုက်ညီတဲ့ ဆက်ဆံရေးမျိုးကို တရုတ်နိုင်ငံနဲ့ တည်ဆောက်ချင်ပါတယ်`…

`တွေ့ဆုံ ဆွေးနွေးရေး ဆိုတာ တကယ်ပဲ လုပ်ချင်တယ် ဆိုရင် မဆိုင်းမတွ လုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်၊ ပြေလည်မှု တကယ်ပဲ လိုချင်တယ် မလိုချင်တယ် ဆိုတာက အချိန်ဆွဲတာ မဆွဲတာကို ကြည့်ပြီးတော့လည်း မှန်းဆလို့ ရနိုင်မယ်ထင်ပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ်မှာ ဖြေထားပါတယ်။

ရန်ကုန်မြို့က မရွှေဝါနဲ့ မမြနှင်း ၊ ဂျပန်နိုင်ငံက ကိုမင်းထက်ဇော်၊ တောင်ကိုရီးယားနိုင်ငံက ကိုနေထွန်းနိုင်၊ အာရပ်စော်ဘွားများ နိုင်ငံရောက် ကိုရွှေမင်းနိုင်၊ ဗြိတိန်နိုင်ငံက မဥမ္မာဦး၊ အမေရိကန် ပြည်ထောင်စု မီရှီဂန်က ကိုရဲမင်းထွန်းတို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြား မှာပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။