သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-29
နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရေး၊ ကာကွယ်ရေးတွေအတွက် အလွန်အရေးကြီးတဲ့ သမိုင်းနဲ့ ပထဝီဘာသာရပ်ကို အထက်တန်းကျောင်းတွေမှာ သင်ယူသူ အဆမတန်နည်းသွားရတာဟာ ဘာကြောင့်လဲ၊ ဘယ်လိုနစ်နာဆုံရှုံးမှုတွေဖြစ်လာသလဲ ဆိုတာတွေကို မခက်မာ ဆက်လက်ဆွေးနွေးတင်ပြပါလိမ့်မယ်။
2017-05-29
ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ရန်ကုန်တိုင်းတွင်း ကျောင်းကားခတွေ ဈေးမြင့်တက်သွားတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။
2017-05-29
တရုတ်ဦးဆောင်တည်ဆောက်နေတဲ့ One Road One Belt ခေတ်သစ်ပိုးလမ်းမကြီးဟာ ကမ္ဘာ့နိုင်ငံတွေအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ဘယ်လိုကောင်းကျိုး ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ၊ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအခန်းကဏ္ဍနဲ့ ပါဝင်ပတ်သက်သင့်သလဲဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-05-29
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဟာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ အဝန်းအဝိုင်း ထဲမှာ ကျရောက်နေတဲ့အတွက် ပင်လယ်ကမ်းရိုးတန်း အနီး နေထိုင်ကြသူတွေ ပြောင်းရွှေ့နေကြဖို့၊ ကမ်းနီး ကမ်းဝေးငါးဖမ်း စက်လှေတွေမထွက်ဖို့ ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်တိုင်း မှာ လိုက်လံနှိုးဆော်နေပါတယ်။
2017-05-29
ဒုတိယအကြိမ် ၂၁ ပင်လုံ အစည်းအဝေး မှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘော တူညီချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် အရေးကြီးတဲ့ခြေ လှမ်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2017-05-29
ဘင်္ဂလားပင်လယ်အော်အတွင်း မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ နောက် ၁၂ နာရီ အတွင်းမှာ ပိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိ မှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန က ဒီကနေ့ ထုတ်ပြန်ပါတယ်။
2017-05-29
မြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီး လူမှုလုပ် ငန်းတွေကို ဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့ အစည်းတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ "ပြည်သူ့ ဂုဏ်ရည်ဆု" ကို ဒီနှစ်မှာ မန္တလေးမြို့က ဆရာတော် အရှင်နာယက ဦးစီးတည်ထောင်ထားတဲ့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီး သင်ပညာရေး တွဲဖက်အထက် တန်းကျောင်းက ရရှိသွားပါတယ်။
2017-05-29
ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာက ကက်သ လစ်အသင်းတော် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ ကချင်အမျိုးသားသုံးဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းဆောင်ရွက်နိုင်အောင် စုံစမ်း စစ်ဆေးနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး က ပြောပါတယ်။
2017-05-29
ရှေ့နေကြီး ဦးကိုနီ အသတ်ခံရတဲ့အမှု ကို မြောက်ပိုင်း ခရိုင်တရားရုံးမှာ စစ်ဆေးနေပြီ ဆိုပေမယ့် တိုးတက်မှုအားနည်းတာတွေ့ရတယ် ဆိုတဲ့ ဝေဖန်ချက်တွေရှိနေပါတယ်။
2017-05-29
ကမ္ဘာမှာ ဘာလင်တံတိုင်ကြီး ပြိုသွားလို့အများက ဝမ်းသာခဲ့ကြပြီး အခုအခါ တံတိုင်းတည်ဆောက် ချင်သူ ပေါ်ပေါက်နေတာကို ရည်ညွှန်းပြီးတော့ ပုပ်ရဟန်းမင်းကြီးက တံတားမခင်းချင်ဘဲ တံတိုင်း တည်ဆောက်ချင်တာ ခရစ်ယာန်မဟုတ်ဘူးလို့ ပြော ပါတယ်။
2017-05-29
အခုလအတွင်း နမ္မတူမြို့နယ်က ကျေးရွာတွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေအတွင်းက မန်တုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေကြရပါတယ်။
2017-05-28
မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ်က ဖမ်းမိထားတဲ့ တိုင်းရင်းသားတွေကို နှိပ်စက်နေတာတွေကို စုံစမ်းသင့်တယ်လို့ တနင်္ဂနွေနေ့က လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2017-05-28
ထိုင်းနိုင်ငံထဲကို လူကုန်ကူးသူတွေက တဆင့် တရားမဝင် ဝင်ရောက်လာ တဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မေလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
2017-05-28
ရန်ကုန်မြို့က ပိုင်ရှင်မဲ့ လမ်းဘေးလေ လွင့်ခွေးတွေကို အဆိပ်ကျွေးသတ်နေ တာတွေ ရပ်တန့်ပေးဖို့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တိရိစ္ဆာန်ချစ်သူများ ကွန်ယက် အဖွဲ့ဝင် အယောက် ၄၀ လောက်က ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြ ပါတယ်။
2017-05-28
ဘင်္ဂလားပင်လယ်အော်မှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနိုင်တဲ့အပြင် ရခိုင်ကမ်းရိုးတန်း အနီးကနေ ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဝင်ရောက်မှာဖြစ်တဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနကနေ လိမ္မော်ရောင်အဆင့် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။