သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-29
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မော်မောင်းမှော် နွံကန်ပြိုကျပြီးနောက် ကုမ္ပဏီ ၁၁ ခုက လုပ်ကွက် ရှစ်ခုကို လုပ်ပိုင်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2019-04-29
လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၄၅ ယောက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေသေး တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း AAPP က ဆိုပါတယ်။
2019-04-29
ပြင်ပဆောင်းပါးရှင် ကျောင်းဆရာဦးဖိုးစော အပတ်စဉ် ရေးသားတင်ဆက်တဲ့ “ပညာရေးရာ ပဒေသာ” အစီအစဉ် ဖြစ်ပါတယ်။
2019-04-28
နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ သောက်ရေနဲ့ သုံးရေတွေပြတ်လပ်နေပါတယ်။
2019-04-28
ဒုတိယအကြိမ် စြင်္ကန်နဲ့ ပတ်လမ်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညီလာခံအတွက် တရုတ်ပြည်ကိုရောက်ရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အမျိုးသားတရုတ်ပြည်သူ့နိုင်ငံရေးရာ ညီလာခံကော်မတီ ဥက္ကဋ္ဌ ဝမ်ယမ်နဲ့ တနင်္ဂနွေနေ့က ဘေဂျင်းမှာ တွေ့ဆုံခဲ့ပါတယ်။
2019-04-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ငသံဘော်ချောင်းဘက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောပါတယ်။
2019-04-28
ချင်းပြည်နယ် မတူပီမြို့နယ်ကို တပ်မတော်စစ်ကြောင်း ၇၇ ခြေလျင်တပ်ရင်းက အင်အားအလုံးအရင်းနဲ့ ဧပြီလ ၂၁ ရက်နေ့က ရောက်ရှိလာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြောင်း ချင်းလူ့အခွင့်အရေး (CHRO) က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-04-28
၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတဲ့သူတွေကို မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ဒီနေ့ဆုချီးမြှင့်ပွဲကျင်းပမှာဖြစ်ပါတယ်။
2019-04-28
၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတဲ့သူတွေကို မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ဒီနေ့ ဆုချီးမြှင့်ခဲ့ကြပါတယ်။ RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာကို ကိုထက်အာကာက တင်ပြထားပါတယ်။
2019-04-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသွားတဲ့ အလုပ်သမားတွေ အတွက် တစ်ဦးကို သိန်း ၃၀၀ စီနစ်နာကြေးပေးခဲ့တယ် သိရပါတယ်။
2019-04-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ တိုက်ပွဲလက်ကျန် ဗုံးတစ်လုံး ဒီနေ့မနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။
2019-04-27
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းအရ ပါဝင်မယ့် နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ပြီး ဆက်သွယ်ချိတ်ဆက်မှုတွေ မြှင့်တင်နိုင်ခြင်းအားဖြင့် အကျိုးရှိနိုင်တယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။
2019-04-27
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ အတော်များများ ပါဝင်နေတာကြောင့် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု အပိုင်းမှာ ခုထက်ပိုပြီး ကြပ်မတ်ဖို့လိုကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
2019-04-27
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ KIA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ရေးတင်းမာတာတွေရှိပေမယ့် မူဆယ်မြို့မှာ ကျင်းပဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်မှု မရှိနိုင်ကြောင်း KIA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2019-04-27
ဧပြီ ၂၇ ရက်နေ့ ဒီနေ့ရဲ့ နေ့အပူချိန်တွေဟာ ရန်ကုန်အပါအဝင် တိုင်းဒေသကြီး လေးခုက ဒေသ ငါးခုမှာ အပူချိန်စံချိန်တင် မြင့်တက်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။