တပ်မတော်နဲ့ KIA စစ်ရေးတင်းမာပေမယ့် ဆွေးနွေးပွဲ မထိခိုက်နိုင်


2019.04.27
kia-622.jpg ှုKIA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ KIA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ရေးတင်းမာတာတွေရှိပေမယ့် မူဆယ်မြို့မှာ ကျင်းပဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်မှု မရှိနိုင်ကြောင်း KIA ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်ထဲမှာ တပ်မတော်နဲ့ KIA အဖွဲ့တို့ ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ထိခိုက်ကျဆုံးမှုစာရင်းကို မသိရသေးကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့ ပြောပါတယ်။

ဒါပေမဲ့ ဧပြီလ ၃၀ ရက်နေ့မှာ KIA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကိုတော့ မထိခိုက်နိုင်ကြောင်း ပြောပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်နဲ့ KIA တို့ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

မူဆယ်မြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO ဘက်က အထွေထွေ အတွင်းရေးမှူးချုပ် ဦးလာနန် ဦးဆောင်တက်ရောက်ဖို့ရှိပြီး အစိုးရဘက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်က သွားရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။   

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။