ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ မန္တလေးမြို့မှာ ကျင်းပ


2019.04.28
pyithugoneyi-award-mcdc-622.jpg ၂၀၁၉ ခုနှစ် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဆုပေးပွဲအခမ်းအနားမှာ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို တွေ့ရစဉ်
Photo:Khaymani Win/RFA

၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတဲ့သူတွေကို မန္တလေးမြို့ ကွန်ဗန်းရှင်းစင်တာမှာ ဒီနေ့ဆုချီးမြှင့်ပွဲကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရရှိခဲ့တာဖြစ်သလို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်တဲ့ အထူးဆုတွေကို ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက်ခဲ့တဲ့ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ ဆရာမ ဒေါ်အိအိညိမ်းနဲ့ Clean Yangon Campaign  တို့ကို ပေးအပ်ထားတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့က မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံးက ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မန္တလေးဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းက ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။