သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-29
တစ်လင်တစ်မယားမနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သင့်တော်တဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မနေ့က မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး ဈာပန အခမ်းအနားမှာ ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။
2018-11-29
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာရဲ့ဖိအားတွေ ဆက်တိုက်ကြုံလာရတဲ့အခါ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ သာမကပဲ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရပါ မှီခိုမှုတွေ ရှိလာပါတယ်။
2018-11-29
တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်း “The Belt and Road” အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-11-29
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာဖိအားတွေ ဆက်တိုက် ကြုံလာရတဲ့အခါ မြန်မာအစိုးရဟာ တရုတ်နိုင်ငံအပေါ် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာသာမက နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရပါ မှီခိုမှုတွေ ရှိလာပါတယ်။
2018-11-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရဲ့ဖိတ်ကြားချက်အရ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နီပေါနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပြီး၊ ခတ္တမန္ဒူမြို့မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမယ့် ၂၀၁၈ အာရှ ပစိဖိတ် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
2018-11-28
အိန္ဒိယနိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ကောက်ယူနေတဲ့အတွက် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြတယ်လို့ တယ်လီဂရပ် သတင်းက ဖော်ပြပါတယ်။
2018-11-28
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို တားဆီးပိတ်ပင်တယ်ဆိုပြီး မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ တရားစွဲဆိုခံရတဲ့ ရွာသား ၅ ဦးကို တရားရုံးက ထောင်ဒဏ် တစ်လစီ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2018-11-28
၁၉၉၄ ခုနှစ်က အစိုးရ တပ်မတော်နဲ့ ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် မာနယ်ပလောတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ဒုက္ခသည်ဘဝကို ရောက်ခဲ့ရတဲ့ DKBA တပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုဝင်တွေဟာ မြိုင်ကြီးငူ အထူးဒေသ “အေးသစ္စာမြိုင်ကျေးရွာ”မှာ နေထိုင်ကြပါတယ်။ သူတို့တွေဟာ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်မဖြစ်စေလိုပဲ ငြိမ်းချမ်းစေချင်ပြီလို့ ပြောကြပါတယ်။
2018-11-28
ကချင်ပြည်နယ်က IDP စစ်ရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။
2018-11-28
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ၁၈ နှစ်မပြည့်ရင်လည်း ခွင့်ပြုသင့်ကြောင်းနဲ့ ဓလေ့ထုံးစံအတိုင်း လက်ထပ်နိုင်ကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-11-28
အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ် Ms. Annisa Nurul Wahidah ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ကစပြီး သွားရောက်လေ့လာနေတယ်လို့ သိရပါတယ်။
2018-11-28
မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည်ထဲမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
2018-11-28
မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို တာဆီးပိတ်ပင်တယ်ဆိုပြီး မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ နဲ့ မြင့်ကုမ္ပဏီဘက်က ရွာသား ၅ ဦးကို တရားစွဲဆိုထားမှုအတွက် မြို့နယ်တရားရုံးက အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် တစ်လကို ဒီနေ့ ချမှတ်လိုက်ပါတယ်။
2018-11-28
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုကို တာဝန်ခံတဲ့လုပ်ငန်း CSR ရန်ပုံငွေ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိဖို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်း က ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2018-11-28
တိုင်ကြားမှုတွေ ရှိနေတာကြောင့် သတိပေးဖို့ NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ထားတယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ငြင်းဆိုလိုက်ပါတယ်။