အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေး
2018.11.28
အိန္ဒိယနိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ကောက်ယူနေတဲ့ အတွက် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြတယ်လို့ တယ်လီဂရပ် သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လက ဒုက္ခသည် ၇ ဦးကို အစိုးရက မြန်မာပြည် ပြန်ပို့လိုက်ပြီးကတည်းက ဒုက္ခသည်တွေကြား စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာခဲ့တာပါ။
လက်ရှိ အာဏာရ BJP ပါတီကလည်း ရှေ့နှစ် မေလ ရွေးကောက်ပွဲမတိုင်ခင် မွတ်စလင်ဒုက္ခသည်ကိစ္စကို ရွေးကောက်ပွဲအတွက် အသုံးချဖွယ်ရှိနေတယ်လို့ သတင်းကဖော်ပြပါတယ်။
နိုင်ငံမြောက်ပိုင်းက ဂျာမူး ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထောက်လှမ်းရေး အရာရှိတွေရောက်ရှိလာပြီး၊ မြန်မာပြည်တွင်းက မူလနေရပ်၊ အိန္ဒိယကိုရောက်ရှိလာခဲ့တဲ့နေ့ စတာတွေ လိုက်လံစာရင်းကောက်ယူခဲ့ပြီး မကြာခင်မှာ ဒုက္ခသည် နှစ်ရာကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း အာသံပြည်နယ်အစိုးရက ဒုက္ခသည် ၂၃ ဦးကို မြန်မာပြည် ပြန်ပို့မယ်လို့ ကြေညာထားပါတယ်။
အခုအခါ ကုလသမဂ္ဂက ထုတ်ပေးတဲ့ ဒုက္ခသည်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေပါ မြန်မာပြည် ပြန်ပို့ခံရမယ့်အရေး စိုးရိမ်နေကြတတယ်လို့ ဆိုပါတယ်။