သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-28
ရခိုင်ပြည်နယ် စစ်တွေမြို့က စက်မှုရပ် ကွက်အဖြစ် သိမ်းဆည်းခံထားရတဲ့ မြေ ယာတွေထဲက ဧကပေါင်း ၁၄၀ ကျော်ကို မူလတောင်သူတွေ လက်ထဲ ပြန်လည်ပေးအပ်ဖို့နဲ့ အဲဒီမြေယာတွေမှာ ဆောက် လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့ တောင် သူ ၈၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2016-11-28
မွန်ပြည်နယ်နဲ့ တနသာၤရီတိုင်းဒေသကြီးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကြား ဖြစ် ပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ပါတီဗဟိုက လေ့လာသုံး သပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-11-28
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို ဝန်ကြီးဟောင်း ဦးအုန်းမြင့် ကိုယ်စားလှယ် ဦးမျိုးချစ် က လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁နဲ့ တရားလိုပြု တရားစွဲဆိုထားတဲ့ အပေါ် ဒီနေ့ ကျောက်တန်းမြို့နယ်တရားရုံးက ဒေါ်အေးမြမြ မျိုး မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
2016-11-28
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံး တသက်တကျွန်း အထိအပြစ်ပေးနိုင်မယ့် ဥပဒေ ကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးထံ တင်ပြထား တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2016-11-27
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူဦးရေ ၅၀၀ နီးပါးအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြော ပါတယ်။
2016-11-27
သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ပေးဖို့နဲ့ သက်ငယ်မုဒိန်းပပျောက်ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-11-27
အင်ဒိုနီးရှားနိုင်ငံမှာ ဂျာကာတာမြို့တော် တွင်းက မြန်မာနိုင်ငံသံရုံးအပါအဝင် ထင်ရှားတဲ့ အဓိကရနေရာတွေကို တိုက် ခိုက်ဖို့စီစဉ်နေသူ နှစ်ဦးကို အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2016-11-27
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် ကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့ မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒ နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
2016-11-27
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံ ဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစား ခွင့်ရရှိရေး အတွက် တောင်းဆိုကြသူ လူဦးရေ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သတင်းပတ်က စစ်တွေ မြို့ကနေ ခရီးရှည် လမ်းလျှောက် ချီတက်လာရာမှာ ဒီကနေ့ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ကျောက်ဖြူမြို့ကို ရောက်ရှိခဲ့ပါ တယ်။
2016-11-27
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဆိုင် ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။
2016-11-27
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က မီးလောင်တာကြောင့် နေအိမ် ၇၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
2016-11-27
ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ ပတ်သက်ပြီး ထိုင်း ၊ မလေးရှားနဲ့ အင်ဒိုနီး ရှားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံးတွေရှေ့ မှာ ဆန္ဒပြပြီးတာတွေဖြစ်ပြီး နောက်ပိုင်းသံရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့မှာကြားထားတယ်လို့ နိုင် ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2016-11-27
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးမြို့ဘက်က ဆရာ၊ ဆရာမ ဦးရေ ၁၈၀ ကျော်ဟာ မူဆယ်မြို့မှာ တိမ်းရှောင်နေရပါတယ်။
2016-11-26
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ဂီတဖြေဖျော်ပွဲ ကျင်းပပြီး အလှူငွေကောက်ခံနေ တာဖြစ်ပါတယ်။
2016-11-26
မောင်တောမြို့နယ်ကို ဒီရက်ပိုင်း သွားရောက် ပြီး ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်းခဲ့တဲ့ စာရေးဆရာ သတင်းထောက် သွန်းနေစိုး ကို သူ့ရဲ့အတွေ့အကြုံတွေအကြောင်း ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။