သံရုံးတချို့လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားထား


2016.11.27
zawhtay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ရခိုင်ပြည်နယ် မောင်တောအရေးနဲ့ပတ်သက်ပြီး ထိုင်း ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြပြီးတာတွေဖြစ်ပြီး နောက်ပိုင်း သံရုံးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင် ရွက်ဖို့မှာကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေမှာ လုံခြုံရေးတာဝန်ရှိတဲ့ ပြည်ထဲရေးလိုဝန်ကြီးဌာနမျိုးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သံရုံးတွေကို ညွှန်ကြားထားတယ်လို့ ဦးေဇာ်ဌေး က ပြောပါတယ်။

"သံရုံးတွေကို လုံခြုံရေးဂရုစိုက်ဖို့ပေါ့ အဲ့ဒါပြောထားတယ်။ နောက်တစ်ချက်ကတော့ သံရုံးတွေအနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေမှာရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းပေါ့ ပြည်ထဲရေးလိုဌာနမျိုးနဲ့ ဆက်သွယ်ပြီးတော့ သံရုံးလုံခြုံရေး မြှင့်တင်ဆောင်ရွက်ဖို့ပေါ့နော် အဲ့ဒါတွေ ကျွန်တော်တို့ လုပ်ထားပါတယ်။ အထူးသဖြင့် အိမ်ရှင်နိုင်ငံတွေကလည်း အပြည့်အဝကာကွယ်မှုပေးပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှု ကိုတော့ ဒီမလေးရှားရော၊ အင်ဒိုနီးရှားရော၊ ထိုင်းရော ဒီနိုင်ငံတွေက လုံးဝလက်မခံပါဘူး ။ လက်မခံတဲ့ အတွက် သူတို့နိုင်ငံမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေမဖြစ်အောင် သူတို့က ဆောင်ရွက်နေ သလို သံရုံးတွေကလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်"

မြန်မာသံရုံးတွေဘက်ကလည်း အဲ့ဒီနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဂရုစိုက် သွားလာဖု့ိ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သတိပေးတာတွေ ဆောင်ရွက်နေ တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၅ ရက်နေ့က ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက မြန်မာသံရုံးတွေရှေ့မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မွတ်ဆလင်အဖွဲ့အစည်းတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ပတ်သက်တဲ့ သံသယရှိသူတစ်ယောက်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။