သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-26
အသစ် ပြန်လည်ဖွဲ့စည်းမယ့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီဝင် စုစည်းရေးအတွက် အဖွဲ့ဝင်သစ် ပုံစံနဲ့တကွ လက်ခံဖို့ NLD ဖွဲ့စည်းတည်ထောင်သူတွေ ပြင်ဆင်နေပြီလို့ သိရပါတယ်။
2011-11-26
KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
2011-11-26
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် တွေအတွက် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်း ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၂ဝဝ သွားရောက် ကူညီမယ်လို့ သတင်း ရပါတယ်။
2011-11-25
လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န်အယ်လ်ဒီက အသုံးပြုမယ့် တေးသီချင်းအသစ် ရေးစပ် သီဆိုရေးနဲ့ ပတ်သက်လို့ ဂီတ အနုပညာရှင်တွေနဲ့ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2011-11-25
နိုင်ငံရေး အကျဉ်းသားဟောင်း စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ အပါအဝင် အနုပညာရှင် ၂ ဦးဟာ ရှေ့လအတွင်း ကမ္ဘောဒီးယား နိုင်ငံကို သွားရောက်ပြီး မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရုပ်ရှင် ပညာရပ်ဆိုင်ရာတွေ သွားရောက် လေ့လာ ဆွေးနွေးမယ်လို့ သိရပါတယ်။
2011-11-25
ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။
2011-11-25
အပစ်အခတ် ရပ်စဲရေးအတွက် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအနေနဲ့ တစ်ဖွဲ့ချင်း လက်မှတ် ရေးထိုးဖို့ လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ကေအင်ပီပီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ်က အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-11-25
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင် ပြန်တင်တဲ့အခါမှာ ပါတီ တည်ထောင်လိုသူ ၂၁ ဦးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ အမည်စာရင်း တင်သွင်းမယ်လို့ သိရတဲ့အတွက် ဒါဟာ အရင်က တာဝန်ယူနေတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေတို့ တရားဝင် အနားယူလိုက်တာလား၊ အဖွဲ့ချုပ် CEC အပြောင်းအလဲလား ဆိုတာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2011-11-25
နေပြည်တော်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဒီကနေ့ နောက်ဆုံးရက်အဖြစ် အပြီးသတ် ကျင်းပပြီး လွှတ်တော် အစည်းအဝေးတွေကို တစ်လခွဲလောက် ရပ်နားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-11-25
မြန်မာအစိုးရက ကချင်ပြည်နယ်အတွင်း တပ်ဖွဲ့တွေ တိုးချဲ့ ချထားတာဟာ အရပ်ဘက် လုပ်ငန်းခွင်တွေ အတွက် လမ်းတံတားပြုပြင် ဖောက်လုပ်ဖို့ မဟုတ်ဘဲ ထိုးစစ်ဆင်ဖို့သာ ဖြစ်နိုင်ကြောင်း KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
2011-11-25
ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေကို စမ်းသပ်တဲ့ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး ညီလာခံကြီး တစ်ရပ်ကို လာမယ့်လအတွင်း ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ပထမဆုံးအကြိမ် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
2011-11-25
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီ အမှုဆောင် ညွှန်ကြားမှူးချုပ်ရုံး (CTED) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူက မနေ့က ပြောကြားလိုက်ပါတယ်။
2011-11-25
မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အလောင်းအစား တစ်ခု မဟုတ်ဘူးလို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
2011-11-24
မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေ အတွက် တင်ဒါစနစ်နဲ့ ဈေးပြိုင်ခေါ်ရာမှာ တရုတ်နဲ့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက စိတ်မဝင်စားကြဘဲ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေသာ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
2011-11-24
ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ် မြန်မာနယ်စပ်အနီးက လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသမှာ အခုရက်ပိုင်းအတွင်း သနပ်ခါးရောင် အနီရောင်စတဲ့ မိုးမျိုး ရွာသွန်းခဲ့တဲ့အတွက် သက်သေခံ အထောက်အထားတွေကို ရယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ဖို့ ကေအိုင်အေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။