တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးဖို့ KNPP အစီအစဉ် မရှိသေး

အပစ်အခတ် ရပ်စဲရေးအတွက် KNPP ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအနေနဲ့ တစ်ဖွဲ့ချင်း လက်မှတ် ရေးထိုးဖို့ လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ကေအင်ပီပီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

2011.11.25

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့ဟာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ KNPP အနေနဲ့ ဖြစ်နိုင်မယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်အခတ် ရပ်စဲရေး လိုချင်ကြောင်း ခူးဦးရယ်က ဆိုပါတယ်။

ကေအင်ပီပီဟာ လက်နက်ကိုင် တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်တပ်ပေါင်းစု UNFC အဖွဲ့ဝင် ဖြစ်ပါတယ်။ မြန်မာအစိုးရက UNFC အနေနဲ့ မဟုတ်ဘဲ တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးနဲ့ နောက်ဆုံး တိုင်းရင်းသား ညီလာခံလိုမျိုး ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ တွေ့ဆုံ ဆွေးနွေးစဉ်က ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကေအင်ပီပီဟာ ၁၉၉၅ ခုမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခု ဇွန်လအတွင်းမှာ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-26 22:13

that is good idea.