ကိုဇာဂနာရဲ့ ပြည်ပခရီး

နိုင်ငံရေး အကျဉ်းသားဟောင်း စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ အပါအဝင် အနုပညာရှင် ၂ ဦးဟာ ရှေ့လအတွင်း ကမ္ဘောဒီးယား နိုင်ငံကို သွားရောက်ပြီး မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရုပ်ရှင် ပညာရပ်ဆိုင်ရာတွေ သွားရောက် လေ့လာ ဆွေးနွေးမယ်လို့ သိရပါတယ်။

2011.11.25
zaganar-amnesty ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာချိန်တွင် ကြိုဆို နှုတ်ဆက်သူတွေနဲ့အတူ တွေ့မြင်ရစဉ် မြင်ကွင်း ဖြစ်ပါတယ်။ AFP PHOTO/Soe Than WIN
AFP

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာဟာ ရက်ပိုင်းအတွင်းက နိုင်ငံကူးလက်မှတ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး ပြည်ပခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က META Film School ရုပ်ရှင် သင်တန်းကျောင်းကို သွားရောက်မယ်လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်းနိုင်ငံကို အရင်ဆုံး ရောက်မှာ ဖြစ်ပြီး အဲဒီမှာလည်း ဂျာမန် ဒါရိုက်တာ ၂ ဦးတာဝန်ယူ စီစဉ်တဲ့ ၄ ရက်ကြာ ရုပ်ရှင်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို ရောက်မယ်လို့ သိရပါတယ်။

လာမယ့်နှစ် ဇန်နဝါရီ ၄ ရက်မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်ပွဲတော်အပြီးမှာလည်း နိုင်ငံခြား ဒါရိုက်တာ ၂ ဦး အကူအညီနဲ့ ရုပ်ရှင်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမျိုး လုပ်နိုင်အောင် ပြင်ဆင်နေတယ်လို့ ကိုဇာဂနာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။