နိုင်ငံရေးအကျဉ်းသားကိစ္စ တွန့်တိုမနေသင့်ကြောင်း ဇာဂနာပြောကြား

နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အပြောင်းအလဲ လုပ်ဆောင်နေပြီလို့ ပြောဆိုနေတဲ့ ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး စဉ်းလဲတွန့်တို မနေသင့်ဘူးလို့ ဟာသသရုပ်ဆောင် ဦးသူရ ခေါ် လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောဆိုလိုက်ပါတယ်။

2011.11.22
zaganar-thayawati-jail-305 ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇာဂနာနှင့် အဖွဲ့က သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသား (၃၄) ဦးအတွက် လှူဒါန်းသည့် ကျပ်ငွေ ၃ သိန်း ၄ သောင်းနှင့် အလှူပစ္စည်းများကို သာယာဝတီ ထောင်ပိုင်ကြီးက လက်ခံ ရယူနေစဉ်။ Zaganar Photos Album
Zaganar Photos Album

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘဲ ဥပဒေကို ကျူးလွန်ထားတဲ့အတွက် အရေးယူသူများသာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဟာသသရုပ်ဆောင် ကိုဇာဂနာက အခုလို ပြောဆိုတာပါ။

ဒါ့အပြင် လူရွှင်တော် ကိုဇာဂနာ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အခုအချိန်မှာ အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဝင်မှာမဟုတ်ကြောင်း လွှတ်တော်ပြင်ပမှာပဲ နိုင်ငံရေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။

ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အာရ်အက်ဖ်အေက မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-23 04:56

ကိုဇာဂနာပြောသွားတာကို သဘောတူပါတယ် အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်း သတင်းစာရှင်းလင်းပွဲမှာ မင်းသားခေါင်းကိုကြာကြာမဆောင်းထားနိုင်တဲ့ ဦးသိန်းစိန်(အသက်ရွယ်ကို လေးစားလို့  ဦး တပ်ခေါ်တာပါ)အာဏာရှင်တို့ ရဲ့ ဇာတိရုပ် ပြန်ပြလာပါပြီ ဒေါ်အောင်ဆန်းစုကြည်တော့ အလိမ်ခံရတော့မယ်လို့ ယုံကြည်ထားတယ်