မြန်မာစစ်တပ်တိုးချဲ့ချထားမှု လမ်းတံတားပြင်ဖို့ မဟုတ်ဟု KIO ပြော
2011.11.25

RFA
ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရက ကချင်ပြည်နယ်ကို တပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်နေတာနဲ့ ပတ်သက်ပြီး KIO တွဲဘက် အထွေထွေအတွင်းရေးမှူး ၂ ဦးလနန်းက အခုလို ပြောဆိုလိုက်တာပါ။
ကချင်ပြည်နယ်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အထိအခိုက် အကျအဆုံး တွေလည်း ရှိနေကြောင်း၊ မြန်မာအစိုးရက အခုလို စစ်အင်အား ထပ်မံ တိုးချဲ့ချထားတာနဲ့ ပတ်သက်ပြီး KIO ဘက်က လေ့လာ စောင့်ကြည့်နေကြောင်း၊ လုပ်ဆောင်စရာ ရှိတာတွေ ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအင်ပီပီ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရသူ ဦးလနန်းကို အာရ်အက်ဖ်အေ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို တစ်ဆက်တည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |