သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-23
ဂီရိမုန်တိုင်းဒုက္ခသည်ကူညီရေးအတွက် ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက အမေရိကန် ဒေါ်လာ ၃ သိန်း ကူညီမယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်ကို ဒီကနေ့ပြောဆိုလိုက်ပါတယ်။
2010-11-23
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့တောင်းဆိုလိုက်ပါတယ်။
2010-11-23
ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2010-11-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြည်နယ်လွတ်တော် အတွက် အရွေးချယ်ခံ အမတ်လောင်းတဦးကို လူငယ်တစုက ဝိုင်းရိုက်တာကြောင့် ဆေးရုံတင်ထားရကြောင်း ကျောက်တော်မြို့ခံတွေက ပြောပါတယ်။
2010-11-23
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။
2010-11-23
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး ကြိုးပမ်းမှုကို သူ့အနေနဲ့ထောက်ခံသွားမယ်လို့ကတိပေးခဲ့ကြောင်း သမတ ဘီနစ်နို အာကွီနိုက ဒီနေ့ ပြောဆိုပါတယ်။
2010-11-23
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီ် ပါတီ UDP ရဲ့ ဥက္ကဌ ဖြစ်သူ ဦးသိန်းဌေး ဟာ ပါတီ က နှုတ်ထွက်သွားကြောင်း သိရပါတယ်။
2010-11-23
အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့ ဥပဒေနဲ့ မညီကြောင်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ကို တရားရုံးချုပ်က တနင်္လာနေ့က ပယ်ချခဲ့ပါတယ်။
2010-11-23
လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ကြံံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်သူတွေကို ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ကို ဒီ ဆု ကိုယ်တိုင် လက်ခံ ရယူဖို့ ဥရောပ ပါလီမန်က တနင်္လာနေ့ က ဖိတ်ကြားလိုက်ပါတယ်၊
2010-11-22
ရခိုင်ပြည်နယ် စစ်တွေ-အမ်း -မင်းဘူး ရထားလမ်းကို (၁၀) နှစ် စီမံကိန်းနဲ့ ဖေါက်လုပ်လျှက် ရှိရာမှာ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမြို့မှာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ ဆုံးရှုံး ပျက်စီးနေတာနဲ့ ပတ်သက်လို့ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ရခိုင် အဖွဲ့အစည်း တွေက ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တွေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2010-11-22
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတဲ့ သတင်းနဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ဖော်ပြခဲ့အပြီး ဂျာနယ် ၉ စောင်ကို စစ်အစိုးရ စာပေ စိစစ်ရေးက ပိတ်ပင်ခဲ့ပါတယ်။
2010-11-22
NLD လူငယ်တွေ ဦးစီးစောင့်ရှောက် နေတဲ့ HIV-AIDS ဝေဒနာရှင် တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံတဲ့ အစည်းအဝေး တခုကို ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒဂုံတာဝါမှာ ပြုလုပ်ခဲ့သလို ဦးကျော်သူ ဦးဆောင်တဲ့ အနုပညာရှင် တွေကလည်း အဲဒီ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ AIDS ဝေဒနာရှင် တွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
2010-11-22
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ လူငယ် အချင်းချင်း ဆက်သွယ်နိုင်မယ့် သတင်းကွန်ယက်တခု ဖွဲ့စည်းသွားမယ်လို့ သဘောတူလိုက်ကြောင်း သိရပါတယ်။
2010-11-22
မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်။
2010-11-22
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမှုဟာ ခိုင်ခိုင်မြဲမြဲ ရှိနေတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Mrs. Nirupama Rao က ပြောလိုက်ပါတယ်။ နိုဝင်ဘာလ (၂၂) ရက်နေ့ ည အိန္ဒိယနိုင်ငံက လွှင့်ထုတ်တဲ့ CNBC ရုပ်မြင် သံကြား လိုင်းအမှတ် (၁၈) ရဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။