အဖွဲ့ချုပ်ရပ်တည်ခွင့် တရားရုံးချုပ်က ပယ်ချခဲ့ပေမဲ့ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မည်

အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်လို့ ဥပဒေနဲ့ မညီကြောင်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ကို တရားရုံးချုပ်က တနင်္လာနေ့က ပယ်ချခဲ့ပါတယ်။

2010.11.23
assk_nyan_win_court_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပျဉ်းမနား နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်က ဆုံးဖြတ်ပယ်ချတာ ဖြစ်ကြောင်း အမည်မဖေါ်လိုတဲ့ မြန်မာအရာရှိ တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အကျိူးဆောင် ရှေ့နေ ဦးဉာဏ်ဝင်းက အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ တရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုရော၊ ဒေါ်အောင်ဆန်းစုကြည် ဆီကိုပါ တရားဝင် အကြောင်း မကြားကြောင်း ဦးဉာဏ်ဝင်းက အာအက်အေကို ပြောပါတယ်။

"သူတို့ အကြောင်းကြားလေ့ မရှိဘူး။ တကယ် အမိန့်ချတယ် ဆိုရင်လည်း ဒါနောက်ဆုံး မဟုတ်ဘူး။ ကျနော် ဒီအမိန့်ကူးမယ်။ ပြီးတော့ နောက်ထပ်တဆင့် တက်အုန်းမယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်ပင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့် လျှောက်လဲချက်ကို နိုဝင်ဘာလ (၁၈) ရက်နေ့ က ပထမဦးဆုံး အကြိမ် နေပြည်တော် တရားရုံးချုပ်မှာ လျှောက်လဲ ကြားနာခဲ့တာပါ။

ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင် ကတော့ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီရေး အတွက် ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။