မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့တယ်လီဖုန်းနဲ့ စကားပြောစဉ်မှာ အဲဒီလို ကတိပေးခဲ့တာလို့သူက ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးကြီးတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးကို ကူညီသွားမယ်လို့ဆုံးဖြတ်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဖိလစ်ပိုင် သမ္မတက ဒီမိုကရေစီအရေး ကူညီသွားမယ်ဆိုတာကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယမ်အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့ နိုင်ငံဖြစ်ပါတယ်။