ရွေးကောက်ခံထားရတဲ့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရိုက်ခံရ
2010.11.23
အရိုက်ခံရသူ အရွေးချယ်ခံ အမတ်လောင်းဟာ RNDP ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီက ဦးစောငြိမ်း ဖြစ်ပြီး ကျောက်တော် မဲဆန္ဒနယ် အမှတ်၂ မှာ ပြည်နယ်အဆင့် အရွေးချယ်ခံရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့
ညပိုင်းက အရိုက်ခံရတာ ဖြစ်ပြီး အရက်သောက်နေတဲ့ လူုငယ်တွေကို သွားပြီး ပြောဆိုရာက အရိုက်ခံရတာ ဖြစ်တယ်လို့ ကျောက်တော် ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ကျောက်တော်ဒေသခံတွေ အဆိုအရ ဦးစောငြိမ်းကို ရပ်ကွက်တွင်း နေထိုင်သူ တော်တော်များများက သဘောကျခြင်း မရှိတာအပြင် ရွေးကောက်ပွဲနေ့က ကျေးရွာတချို့မှာ မဲမသမာမူ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေသူတွေ
ရှိတယ်လို့ RFA ကို ပြောပြပါတယ်။
ခုလို ဦးစောငြိမ်း အရိုက်ခံရတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်လစ်ခြင်းလည်း မရှိဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RNDP ပါတီကို မေးမြန်းတဲ့အခါ ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါတီကို
ဦးစောငြိမ်း ထံက တရားဝင် အကြောင်းကြားချက် မရရှိသလို ဒေသခံတွေ ပြောဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း မိမိတို့ မသိရှိကြောင်း ပြောဆိုပါတယ်။