သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-28
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို ဒီနေ့မနက်က တပ်မတော်စစ်ကြောင်း တစ်ခုက ရွာထဲကို ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ရွာသားအများအပြား တိမ်းရှောင်ထွက်ပြေး နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာလူကြီးတစ်ဦးက ပြောပါတယ်။
2019-10-27
တရားမျှတမှုရှိတဲ့ သယံဇာတခွဲဝေမှုတွေ ဖြစ်ဖို့ဆိုပြီး မိုးကုတ်မြို့က ဒေသခံ လက်လုပ်လက်စား ကျောက်သမား ၅၀၀ ခန့်ဟာ ဒီကနေ့ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2019-10-27
လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပမယ့် အရှေ့အာရှ ညီလာခံ၊ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ရိုဟင်ဂျာ ပြဿနာအကြောင်းတွေကို ဦးသစ်ဆင်း က တင်ပြမှာဖြစ်ပါတယ်။
2019-10-27
အမေရိကန်အစိုးရက ထိုင်းနိုင်ငံကိုပေးအပ်ထားတဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် GSP ကို ရုပ်သိမ်းလိုက်တဲ့အတွက် ထိုင်းနိုင်ငံက မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ညွန်ကြားရေးမှူး ဦးထူးချစ်က သုံးသပ်ပါတယ်။
2019-10-27
နေပြည်တော်မှာ ကျင်းပမယ့် အပစ်ရပ်လေးနှစ်ပြည့်အခမ်းအနားကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌနဲ့အဖွဲ့ မတက်ရောက်တော့တဲ့အတွက် အပစ်ရပ်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
2019-10-27
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုအတွင်း တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲကြောင့် ဒေသခံအမျိုးသမီး နှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-10-27
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တစ်ဆို့နေရတဲ့ အကြောင်းရင်းဟာ တပ်မတော်က အပစ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်တွေအပေါ် လေးစားလိုက်နာမှု မရှိဘဲ ချိုးဖောက်နေတာကြောင့်လို့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2019-10-27
ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း သွားနေတဲ့ အမြန်ရေယာဉ် တစ်စီးပေါ်ကနေ သူတို့ ဖမ်းလာသူတွေထဲက အများအပြားဟာ ရဟတ်ယာဉ်တွေပေါ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားကြတယ်လို့ ဒီနေ့ ကြေညာပါတယ်။
2019-10-26
ရခိုင်ပြည်နယ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA က ဒီမနက်မှာ တိုက်ခိုက်လိုက်ပြီး ရဲအရာရှိ ၁၁ ဦး အပါအဝင် ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2019-10-26
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ဗဟိုဌာနချုပ်ရှိတဲ့ လွိုင်တိုင်းလျဲန်းကနေ တောင်ကြီး၊ အဲဒီကနေမှ နေပြည်တော်ကို ကားနဲ့လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
2019-10-26
ပျောက်ဆုံးသူ ၈၂ ယောက်ဟာ ပလက်ဝမြို့နယ်ထဲက ကင်းတလင်း၊ သာယာကုန်းနဲ့ ခမောင်းဝ ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2019-10-26
၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-10-26
မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က နိုဝင်ဘာလဆန်းမှာ ပဏာမအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေပြီလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ပြောလိုက်ပါတယ်။
2019-10-25
မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2019-10-25
တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဖြတ်သန်းသွားမယ့် ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့အနီးမှာ တရုတ်မြန်မာ၂နိုင်ငံပူးတွဲလုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းကြီးတခု အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။