ကချင်မှာလုပ်မယ့် တရုတ်စီမံကိန်း


2019.10.25

တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဖြတ်သန်းသွားမယ့် ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့အနီးမှာ တရုတ်မြန်မာ၂နိုင်ငံပူးတွဲလုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းကြီးတခု အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။

တရုတ်ရဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို မြန်မာပြည်သူတွေက ကန့်ကွက်ထားတာကြောင့် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေတဲ့အချိန်မှာ နောက်ထပ် တရုတ်စီမံကိန်းတခု ကချင်ပြည်နယ်မှာ ပေါ်ပေါက်လာမယ့်အရေးကို စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း RFA သတင်းထောက် မအဲလိဇဘက် ဂျန်မာ က တင်ပြထားပါတယ်။

(ရိုက်ကူး/တင်ဆက်- အဲလိဇဘက် ဂျန်မာ)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။