သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-30
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။
2018-10-30
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လားရှိုးမြို့နယ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် တစ်ထောင်ကျော်နေပြီလို့ သိရပါတယ်။
2018-10-30
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးအဖြစ် နိုင်ငံသား စိစစ်ရေးကတ် ရရှိထားတဲ့ မွတ်စလင်သုံးထောင်ကျော်ကို ကမန်လူမျိုး စစ်မစစ် စိစစ်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2018-10-30
နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးတာ၊ ပျက်စီးစေတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာ မရှိကြောင်းနဲ့ ပြစ်မှုထင်ရှားရှိကြောင်း မပေါ်ပေါက်တဲ့အတွက် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို တရားရုံးက အပြီးပြတ်လွှတ်ကြောင်း ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-10-29
မတရားအသင်း ပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အယူခံတင်ကြမယ်လို့ သိရပါတယ်။
2018-10-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း မြန်မာ့တပ်မတော်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့၊ မီဒီယာအချို့မှာ ဖော်ပြ နေတာတွေဟာ တဖက်သတ်ဖြစ်တဲ့အကြောင်း တန်ပြန်ချေပဖို့ စီစဉ်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2018-10-29
သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ နှစ်လကျော် ကြာနေပြီဖြစ်တဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-10-29
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက နေပြည်တော်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2018-10-29
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP) ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စေလွှတ်လိုက်တဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာအဖွဲ့ဟာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ကုန်သည်လုပ်ငန်းရှင်တွေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2018-10-29
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ KNU ကရင်အမျိုးသား အစည်းအရုံး တဖွဲ့လုံး တညီတညွတ်တည်း ပါဝင်နိုင်ဖို့ အဖွဲ့အစည်းအတွင်း ဆွေးနွေး ညှိနှိုင်းစရာတွေ ရှိတဲ့အတွက် ပြင်ပအဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု တွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်လို့ KNU က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2018-10-29
အခုရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က မွတ်စလင်တချို့ ရေလမ်းကနေတဆင့် မလေးရှားနိုင်ငံကို ထွက်ခွာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-10-29
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ ကျေးရွာအုပ်စုက ရွာသား အယောက် ၄၀ ကို လူသစ်စုဆောင်းတဲ့အနေနဲ့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တာမိုးညဲ ရဲစခန်းကနေ သိရပါတယ်။
2018-10-29
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စွပ်စွဲပြောကြားနေသလို မဟုတ်ဘဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီနေ့ ပြောလိုက်ပါတယ်။
2018-10-29
မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ စဉ်းစားချက်ကို အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကန့်ကွက်လိုက်ပါတယ်။
2018-10-29
အလုပ်ရှင် အလုပ်သမားပြဿနာ ပြေလည်မှုမရသေးတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ တေ့ွဆုံဆွေးနွေးမှုဟာ အပြီးသတ် ပြေလည်မှု မရခဲ့ဘဲ အလုပ်သမားတွေက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့်ဖို့ ပြင်ဆင်နေပါတယ်။