ရိုက်တာ သတင်းထောက် နှစ်ဦး အယူခံတင်မည်


2018.10.29
reuters-reporters-aug27-622.jpg ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/ RFA

မတရားအသင်း ပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အယူခံတင်ကြမယ်လို့ သိရပါတယ်။

အယူခံတင်ဖို့ အားလုံးအသင့်ဖြစ်နေပြီလို့ သူတို့ရဲ့ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး ဆုံးဖြတ်ချက်အပေါ် ဝင်ရောက်စွက်ဖက်ဖို့ ငြင်းဆိုခဲ့ပေမယ့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အာဏာရှိပါတယ်။

ဒါပေမဲ့ အယူခံတင်တဲ့လုပ်ငန်းစဉ်နဲ့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံမှုဟာ သီးခြားစီဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

တရားရုံးချုပ်ကို အယူခံတင်တဲ့လုပ်ငန်းစဉ်က ငါးလ ခြောက်လလောက်ကြာမြင့်တာမို့၊ ဒီအတွင်း ရိုက်တာ သတင်းထောက် နှစ်ဦးဟာ အကျဉ်းထောင်တွင်းမှာသာ နေကြရဦးမှာဖြစ်ပါတယ်။

အယူခံနိုင်မယ်လို့ ယုံကြည်ထားကြောင်း၊ ဒါပေမဲ့ ဒီနိုင်ငံမှာ ဘာတစ်ခုမှ မသေချာဘဲ၊ ဘာမဆို ဖြစ်သွားနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုနဲ့ အလဲဗင်းမီဒီယာ သတင်းထောက်သုံးဦး အမှုတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ပေမယ့် ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မပြောဆိုခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။