ကိုအောင်ကိုထွေး ပုဒ်မ ၇ ကျူးလွန်ခြင်းမရှိကြောင်း တရားရုံးဆုံးဖြတ်


2018.10.30
aungkohtwe-sep5-622.jpg ကိုအောင်ကိုထွေး ကို အချုပ်ကားပေါ်မှာ ၂၀၁၈၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးတာ၊ ပျက်စီးစေတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာ မရှိကြောင်းနဲ့ ပြစ်မှုထင်ရှားရှိကြောင်း မပေါ်ပေါက်တဲ့အတွက် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို တရားရုံးက အပြီးပြတ်လွှတ်ကြောင်း ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို  ဗိုလ်တထောင်မြို့နယ်တရားရုံးက အမှုကနေလွှတ်ဖို့ အမိန့်ချလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်ခံရစဉ် ကိုအောင်ကိုထွေး ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ် ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်၊ တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ နဲ့ ထောင်ဒဏ် ၆လ ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲခံရတာ လွတ်မြောက်သွားပြီဖြစ်တဲ့အတွက် ပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ ၂၂၈ တို့အတွက် ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်သာ ကျန်တော့မှာဖြစ်ပါတယ်။

သူဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ အတွေ့အကြုံတွေကို RFA ကို ဖြေကြားခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စတင်ဖမ်းဆီးခဲ့ထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။